ပြည်တွင်းကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီးများ အများအပြားရောင်းချလျက်ရှိကြောင်း၊ လိမ္မော်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံ များမှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါးအဓိကထုတ်လုပ်သည့်ဒေသဖြစ်သော်လည်း ဆောင်းသီးနှံအနေဖြင့် မြေပဲကို အနည်းငယ်စိုက်ပျိုးလျက်ရှိသည်။ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် အတွင်း ဒေသအတွင်း မြေပဲစိုက်ဧက (၅၂,၀၀၀) ခန့်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် ဖရဲသီးများ ရောင်းချလျက်ရှိကြောင်း၊ ဖရဲသီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ လည်းကောင်း၊ ဒေသတွင်းမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် ပန်းသီးများ အများအပြားရောင်းချလျက်ရှိကြောင်း၊ ပန်းသီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှ ထုတ်လုပ်သည့်
