ပြည်တွင်းကုန်သွယ်မှုသတင်းများ
ဖြူးမြို့၊တာခြားရပ်ကွက်ရှိ ဦးနိုင်လင်းအောင်စံပယ်ခြံသည် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးဖြစ် မိဘဘိုးဘွားများလက်ထက်ကတည်းကစတင်ခဲ့သော စိုက်ပျိုးရေးလုပ်ငန်း တစ်ခုဖြစ်ပါသည်။ စံပယ်ပန်းတွင် စံပယ်ကြီး၊ ကြက်ရုံး၊ ပဲခူးစံပယ်၊ ရန်ကုန်စံပယ် စသည်ဖြင့် အမျိုးအစားပေါင်းများစွာ ရှိသည့်အနက် ရန်ကုန်စံပယ်ဟုခေါ်သော စံပယ်ပန်းမျိုးမှာ (၁၂)

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တောင်ငူခရိုင်အတွင်း ငလျင်ဘေးဒဏ် သင့်ပြည်သူများအား အခြေခံစားကုန်များကို သက်သာသောနှုန်းထားဖြင့် ဧပြီလ ၂၃ ရက်နေ့တွင် အမှတ်(၁၁)ရပ်ကွက်၊ ကန်တော်ကျောင်းတိုက်အတွင်း mobile မော်တော်ယာဉ်များဖြင့် လှည့်လည် ရောင်းချပေးလျှက် ရှိပါသည်။

တောင်ငူခရိုင်၊ ဖြူးမြို့တွင် မတ်ပဲ၊ ပဲတီစိမ်း ပဲသစ်များပေါ်နေပြီဖြစ်ရာ ယခင်အပတ်က မတ်ပဲ (ပိဿာ ၃၀ ဝင်အိတ်) တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ် လျှင် ၁၄၇၅၀၀ ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၂၅၀၀ ကျပ် ဈေးနှုန်းကျဆင်းပါသည်။

တောင်ငူခရိုင်၊ ဖြူးမြို့တွင် ယခင်လက စပါး တင်း ၁၀၀ လျှင် ၁၅၀၀၀၀၀ ကျပ် ရှိရာမှ ယခုလတွင် ၁၄၀၀၀၀၀ ကျပ်အထိ၊ ဆန်ဈေးမှာ ဧည့်မထ အလတ်စဆန် တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်မှ ၅၆၀၀၀ ကျပ်အထိရှိရာ ဈေးနှုန်းကျဆင်းပါသည်။

မြင်းခြံမြို့နယ်ရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အတွင်း ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအား (၄.၅.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
