ပြည်တွင်းကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံကို ရောင်းချသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုရာမှ ဒူးရင်းသီးကိုလည်း မန္တလေးမြို့မှ မှာယူ ရောင်းချပြီး အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးထားကြသည့်အနက် ပိတ်ချင်းရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ပိတ်ချင်းရွက်ကို ကန့် ဘလူမြို့နယ်၊ ပေကုန်းကျေးရွာနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ၊ ဒေသတွင်း ညပိုင်းမထွက်ရ အမိန့်များကြောင့် လက်လုပ်လက်စား လုပ်ကိုင်သူများသည် ယခင်နှစ်များကဲ့သို့ မိုးဦးကျအချိန်အခါရောက်၍ ဖားများ ပေါများစွာထွက်ရှိသော်လည်း ညပိုင်းမထွက်ရ အမိန့်များကြောင့် ထွက်မရှာရဲသည့်အတွက် ဖားဈေးနှုန်းမှာလည်း အသား/င

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက် များနှင့် ဒေသအသီးသီးမှ လာရောက်ရောင်းချကြသလို မန္တလေးမြို့တို့မှလည်း မှာယူရောင်းချကာ ယခု လို နွေရာသီတွင် သံပုရာသီးအနည်းငယ်ရှားပါးသည့်အတွက် ဈေးကွက်အတွင်း ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ခရမ်းချဉ်သီးကို မင်းဘူးမြို့ပတ်ဝန်း ကျင်ကျေးရွာများအပြင် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ အဓိကမှာယူရောင်းချကြောင်း သိရသည်။
