ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပိန္နဲပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သော အပင်ဖြစ်ပြီး ပိန္နဲသီးသည် အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် စားသုံးသင့်သည့် အသီးတစ်မျိုးဖြစ်သည်။ ပိန္နဲပင်သည် အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် အသီးများကိုရောင်းချ၍ အပိုဝင်ငွေ ရရှိသည့်အတွက် စိုက်ပျိုးသင့်သည့် အသီးတစ်မျိုးဖြစ်ပါသည်။

ကန့်ဘလူမြို့ မြို့မဈေးတွင်လည်းကောင်း၊ ရပ်ကွက်အတွင်း လှည့်လည်ရောင်းချသည့်ဈေးသည်များတွင်လည်းကောင်း ပြောင်းဖူးများကို အစိမ်းနှင့် အပြုတ်ဟူ၍ ရောင်းချလျက်ရှိသည်။ ပြောင်းဖူးများကို ကန့်ဘလူဒေသတွင်းမှလည်းကောင်း၊ ကားဘိုးကျေးရွာမှလည်းကောင်း ဝင်ရောက်လျက်ရှိသည်။

ဇီးဖြူသီးသည် မြန်မာနို်ငငံတွင် လူသိများသော သစ်သီးတစ်မျိုးဖြစ်ပြီး ဆေးဖက်ဝင်အပင်ဖြစ်လည်း ထင်ရှားပါသည်။ မြန်မာနိုင်ငံ၏ ပူပြင်းခြောက်သွေ့သော ဒေသများတွင် ပိုမိုဖြစ်ထွန်းပြီး ကန့်ဘလူခရိုင်၌လည်း ဇီးဖြူပင်များ အလေ့ကျပေါက်နေသည်ကို နေရာအနှံ့အပြားတွင် တွေ့ရသည်။ ဇီးဖြူပင်များကို နေအိမ်ခြံစည်းရိုးများ၌လည်းကောင်း၊ လယ်တော၊ ယာတောများတွင

စံပယ်ပန်းသည် မွှေးကြိုင်သောသင်းရနံ့နှင့် အဖြူရောင်အဆင်းရှိပြီး အမျိုးသမီးတိုင်း ကြိုက်နှစ်သက်သော ပန်းဖြစ်သည်။ စံပယ်ပန်းပင်သည် ချုံပင်တစ်မျိုးဖြစ်ပြီး ရုက္ခဗေဒအမည်မှာ “ဂျက်စမင်နမ်ဆမ်ဗက်” ဖြစ်သည်။ အိမ်စံပယ်၊ တောစံပယ်၊ စံပယ်အိနှင့် စံပယ်နွဲ့ ဟူ၍ စံပယ်အမျိုး မျိုးရှိသည်။

ကန့်ဘလူမြို့မဈေးတွင် ဈေးရောင်းဈေးဝယ်လာသူများဖြင့် စည်ကားလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်၌ ရာသီစာ အသီးအနှံများဖြစ်သော ကင်းပုံသီးများကို နို့ဆီဘူး ( ၁) ဘူးလျှင် (၅၀၀)ကျပ်၊ (၁)ပြည်လျှင်(၃၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ခံသီး (၁)ပြည်လျှင် (၁၈၀၀)ကျပ်၊ ခံသီး(၁)ဘူးလျှင် (၂၅၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ကုန်စိမ်း
