Main menu

ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
09 Jun 2025

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် သလဲသီးများကို ရောင်းချလျက်ရှိပါသည်။ သလဲသီးများကို နေအိမ်ခြံစည်းရိုးများတွင်စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် အသီးများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြောင်း သိရသည်။

09 Jun 2025

     သင်္ဘောပင်သည် မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်ဖြစ်ပြီး သင်္ဘောသီးသည် အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် စားသုံးသင့်သည့် အသီးတစ်မျိုးဖြစ် သည်။ သင်္ဘောပင်သည် အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် အသီးများကိုရောင်းချ၍ အပိုဝင်ငွေ ရရှိသည့်အတွက် စိုက်ပျိုးသင့်သည့် အသီးတစ်မျိုးဖြစ်ပါသည်။

09 Jun 2025

   ပိန္နဲပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သော အပင်ဖြစ်ပြီး ပိန္နဲသီးသည် အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် စားသုံးသင့်သည့် အသီးတစ်မျိုးဖြစ်သည်။ ပိန္နဲပင်သည် အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် အသီးများကိုရောင်းချ၍ အပိုဝင်ငွေ ရရှိသည့်အတွက် စိုက်ပျိုးသင့်သည့် အသီးတစ်မျိုးဖြစ်ပါသည်။

09 Jun 2025

  ကန့်ဘလူမြို့ မြို့မဈေးတွင်လည်းကောင်း၊ ရပ်ကွက်အတွင်းလှည့်လည်ရောင်းချသည့်ဈေးသည်များတွင်လည်းကောင်း ပြောင်းဖူးများကို အစိမ်းနှင့် အပြုတ်ဟူ၍ ရောင်းချလျက်ရှိသည်။ ပြောင်းဖူးများကို ကန့်ဘလူဒေသတွင်းမှလည်းကောင်း၊ ကားဘိုးကျေးရွာမှလည်းကောင်း ဝင်ရောက်လျက်ရှိသည်။

09 Jun 2025

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ ဒေသတွင်း ညပိုင်းမထွက်ရ အမိန့်များကြောင့် လက်လုပ်လက်စား လုပ်ကိုင်သူများသည် ယခင်နှစ်များကဲ့သို့ မိုးဦးကျအချိန်အခါရောက်၍ ဖားများ ပေါများစွာထွက်ရှိသော်လည်း ညပိုင်းမထွက်ရ အမိန့်များကြောင့် ထွက်မရှာရဲသည့်အတွက် ဖားဈေးနှုန်းမှာလည်း အသား/င

Pages