ကုန်သွယ်မှုသတင်းများ
တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၉ -၇ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် မြို့နယ်လေးမြို့နယ်ရှိရာ ၄င်းလေးမြို့နယ်မှ ပုလောမြို့နယ်၊ မလိကျွန်းမှအုန်းသီးအများအပြားထွက်ရှိပြီး ထွက်ရှိသော အုန်းသီးများကို မြိတ်မြို့ပေါ်သို့ လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။

မအူပင်ခရိုင်၊ တိုးမြစ်အတွင်းမှ ဖမ်းဆီးရမိသော မြစ်ငါးရှည့် (ငါးရှဥ့်) များသည် သဘာဝထွက်ကုန်ဖြစ်၍ ၂၀၂၆ခုနှစ် ဇူလိုင်လ ဒိုင်ပေါက်ဈေးနှင့် လက်လီဈေးကွက်တွင် ဈေးနှုန်းအနည်းငယ် ကွာခြားလေ့ရှိသည်။ ယေဘုယျအားဖြင့် တစ်ပိဿာလျှင် ကျပ် ၁၈၀၀၀, ၁၉,၀၀၀ မှ ၃၀,၀၀၀ ကြားတွင် အရောင်းအဝယ်ဖြစ်နေကြောင်း မြင့်မြတ်သူ ငါးရှည်ဒိုင်မှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် လယ်ယာထွက်ကုန် အခြေခံတန်ဖိုးမြင့် စားသောက်ကုန်ချောထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေးလုပ်ငန်းများဖြင့် ဖွံ့ဖြိုးတိုးတက်သော ခရိုင်တစ်ခုဖြစ်သည်။ မအူပင်ခရိုင် လယ်ယာထွက်ကုန် စပါးမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးထွက်ရှိသော ခရိုင်တစ်ခုဖြစ်သည်။ မအူပင်ခရိုင်အသီးသီးမှ စပါး၊ ဆန် ထ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းရှိ ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ကံဆင့်ရွာ၊ တလုပ်ရွာ၊ တောပုရွာ၊ နနွင်းတော်ဘိုးရွာ၊ ကံရွာ၊ တူရွင်းဘိုးရွာ၊ ကျားတိုင်းရွာနှင့် သင်ပြွန်းရွာတို့တွင် ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများကိ

