ကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် ဩဂုတ်လအစတွင် ပဲဈေးများတက်လျှက်ရှိပြီး အရောင်းအဝယ်ရှိသောပဲများမှာ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်၊ စားတော်ပဲ တို့ဖြစ်ပါသည်။
ပြည်ခရိုင်ရှိနွေစပါးဈေးမှာ ယခုဩဂုတ်လ ဒုတိယပတ်တွင် ပေါင်းတည်မြို့နယ်တွင် တင်း၁၀၀လျှင် ၇၅၀၀၀၀ကျပ်၊ သဲကုန်းမြို့နယ်တွင် ၇၈၀၀၀၀ကျပ်၊ ပြည်မြို့နယ်တွင် ၇၉၀၀၀၀ ကျပ်၊ ပေါက်ခေါင်းမြို့နယ်တွင် ၇၅၀၀၀၀ကျပ်၊ ပန်းတောင်းမြို့နယ်တွင် ၇၃၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်ကို တွေ့ရှိရပါသည်။ သည်။ စပါးဈေးငြိမ်နေသော်လည်း အရောင်းအဝယ်မှာလည်း အေး၍ နေပါသည်။ ဆန်ဈေးအနေဖြင့် နွေဆန်များမှာ မြင့်တက်ခြင်းမရှိသောကြောင့် စပါးဈေးနှင့်ဆန်ဈေး တွက်ခြေကိုက်မှု မရှိသည့်အတွက် ဆန်ကုန်သည်များမှာ စပါးဝယ်ယူကြိတ်ခွ

ကယားပြည်နယ်တွင် ဆန်/စပါးသည် အဓိကစိုက်ပျိုးသောသီးနှံ တစ်မျိုးဖြစ်ပြီး ပြည်နယ်တွင်း ထွက်ရှိသောဆန်များကို အခြားဒေသများသို့ တင်ပို့ခြင်း အခြားဒေသများမှ ဆန်များကို တင်သွင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုဩဂုတ်လ ဒုတိယပတ်အတွင်း ဈေးကွက်တွင် ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများမှာ ဒေသဆန် တရုတ်မွှေး တစ်အိတ်လျှင် (၄၂၀၀၀) ကျပ်၊ ရွှေရင်အေး (၁) တစ်အိတ်လျှင် (၅၀၀၀၀) ကျပ်ရှိပြီး အခြားဒေသမှ ဆန် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်၊ ပေါ်ဆန်းကျော် တစ်အိတ်လျှင် (၇၇၀၀၀) ကျပ်၊ ဧရာမင်း တစ
ပြည်မန်ကျည်းမှည့် (ပွဲရုံ)များတွင် ဒေသထွက် မန်ကျည်းမှည့်များဝင်ရောက်မှုမရှိတော့ဘဲ လှောင်မန်ကျည်းမှည့်များကိုသာ အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရပါသည်။ လက်ကျန် မန်ကျည်းမှည့်ကို ဒေသတွင်းလက်လီအရောင်းသမားများသာ အဝယ်ရှိနေပါသည်။ ယခုအပတ် မန်ကျည်းမှည့် (ပွဲရုံ) တစ်ပိဿာဈေး ၃၈၀၀ကျပ်နှင့် လက်လီဈေး ၄၅၀၀ကျပ်တို့ဖြင့် ရောင်းဝယ်လျှက် ရှိနေပါသည်။ မန်ကျည်းသီးစိမ်း တစ်ပိဿာလျှင် (လက်ကား)ဈေး ၃၂၀၀ကျပ်နှင့် လက်လီဈေး ၃၅၀၀ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိကြောင်းလည်း တွေ့ရှိရပါသည်။
ယခုတစ်ပတ်တွင် ပြည်ဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ တစ်ပိဿာလျှင် ယခင် အပတ်ထက် ကျပ်၂၀၀ခန့် ဆက်လက်မြင့်တက်သွားကြောင်းသိရှိရပါသည်။ ကျောက်ပန်းတောင်း၊ အောင်လံ၊ ဆိပ်ဖြူဘက်မှ ကြက်သွန်နီအိတ် ၄၀၀ခန့် ရက်ခြားအဝင်ရှိနေပါသည်။ အရောင်း အဝယ်အနေဖြင့် ဝင်ရောက်မှု၏ ထက်ဝက်အိတ် ၂၀၀ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပြီး ပန်းတောင်း(ဥသျှစ်ပင်)၊ ဧရာဝတီ(ကြံခင်း)နှင့် သာယာဝတီခရိုင်တို့သို့ စီးဆင်း၍ ရောင်းဝယ်မှုရှိနေပါသည်။ ပြည်ဈေးကွက်တွင် ပွဲရုံဈေး တစ်ပိဿာလျှင် (ကြီး/လတ်/သေး) ကျပ် ၁၈၀၀-၁၉၅၀-