ကုန်သွယ်မှုသတင်းများ
ကယားပြည်နယ်သည် ပြောင်းအဓိက စိုက်ပျိုးသော ပြည်နယ်ဖြစ်ပြီး အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း(၂)မျိုးစလုံးစိုက်ပျိုးကြပါသည်။ ဖူးစားရှမ်းပြောင်းကို(၁၂)ရာသီစိုက်ပျိုးကြပြီး (၃) လကြာလျှင် ဈေးကွက်သို့ရောင်းချနိုင်၍ ငွေပေါ်လွယ်သောသီးနှံဖြစ်ပါသည်။ ဖူးစားရှမ်းပြောင်း ကို လွိုင်ကော်မြို့နယ် မှုံပြာ၊ လင်ဖုံလေး၊လင်ဖုံကြီး၊ လောပိတကျေးရွာများ နှင့် နန်းမယ်ခုံကျေးရွာများတွင် စိုက်ပျိုးထွက်ရှိလျက်ရှိရာ ယခုလက်ရှိ ဩဂုတ်လ တတိယပတ်တွင် ဈေးကွက်အတွင်း ဖူးစားရှမ်းပြောင်းဖူး တစ်ဖူးလျှင်
စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို လွိုင်ကော်မြို့နယ် မှုံပြာ၊ လင်ဖုံလေး၊ ရေနီကန်ကျေးရွာများတွင် စိုက်ပျိုးကြပြီးထွက်ရှိသောငရုတ်သီးစိမ်းကို ဒေသတွင်းဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချကြကြောင်း၊ ဒေသခံလူမျိုးများမှာလည်း ငရုတ်သီးကို ဒေသရိုးရာအစား အသောက် များ၊ဟင်းလျာများတွင်မရှိမဖြစ်အများဆုံးအသုံးပြုကြပါသည်။ ယခုလက်ရှိဩဂုတ်လတွင်ဈေးကွက်အတွင်း ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၄၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဇူလိုင်လတွင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင်(၃၅၀၀)ကျပ်သာရှိ
ကယားပြည်နယ်တွင် အခြေခံစားကုန် စားဖိုဆောင်သီးနှံကို ပြည်နယ်တွင်းစိုက်ပျိုးမှု လျော့နည်းသဖြင့် စားသုံးမှုလိုအပ်ချက်အရ အခြားဒေသဖြစ်သည့် မိထ္ထီလာမှ အများဆုံးတင် သွင်းရပြီး ဩဂုတ်လတွင် ပြည်နယ်အတွင်း ကြက်သွန်နီဝင်ရောက်မှုမှာ(၁၆)အိတ် (၄၈၀ ) ပိဿာရှိခဲ့ပြီး ယခုလက်ရှိ ဩဂုတ်လ တတိယပတ်တွင် ဈေးကွက်တွင်ဖြစ်ပေါ်နေသော ကြက် သွန်နီ ဈေးနှုန်းမှာ အလုံးကြီးတစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ အလုံးလတ်တစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊အလုံးသေးတစ်ပိဿာလျှင်(၁၈၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ရေစကြိုမြို့နယ် တာဝန်ခံ ဦးမြတ်မင်းနှင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ကြည်ကြည်စိုးတို့သည် ပခုက္ကူခရိုင်၊ ရေစကြို မြို့၊ အမှတ် (၇)ရပ်ကွက်ရှိ ဒေါ်မြင့်ဆွေ၏ မုန့်မျိုးစုံဆိုင်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု မရှိသည့် အစားအသောက်များရောင်းချခြင်း ရှိ/ မရှိကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ၊ ၉ ရက်နေ့၊ နံနက်
ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ဩဂုတ်လ(ပထမ) ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ် ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ (၂)သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ (၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာပျမ်းမျှ (၁)ပတ်အတွင်း ကုန်ချိန် (၃)သိန်းခွဲခန့်ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊