ကုန်သွယ်မှုသတင်းများ
မကွေးကုန်စည်ဒိုင်တွင် ဩဂုတ်လ ပထမအပတ်အတွင်း ပဲမျိုးစုံစျေးနှုန်းမြင့်တက်လာကြောင်း သိရပါသည်။ ကုလားပဲကြီး (929) (၁၉) ပိဿာ တစ်တင်းလျှင် (၅၀၂၀၀ဝိ/-)၊ ကုလားပဲ လုံးသေးတစ်တင်းလျှင် (၄၈၀၀ဝိ/-)၊ ကုလားပဲ(HL)တစ်တင်းလျှင် (၄၉၃၀ဝိ/-)၊ ထောပတ်ပဲ တစ်တင်းလျှင် (၄၅၅၀ဝိ/-)နှင့် ပဲစဉ်းငုံနီ(၂၀)ပိဿာတစ်တင်းလျှင် (၅၀၀၀ဝိ/-)၊ စားတော်ပဲ တစ်တင်းလျှင် (၁၀၅၀၀ဝိ/-)တို့ဖြင့်အသီးသီး စျေးနှုန်းမြင့်တက်လျှက်ရှိပြီး ပဲကြီးဖြူ၊ ပဲကြီးမဲ၊ မတ်ပဲတို့မှာ စျေးနှုန်း တည်ငြိမ်လျှက်ရှိကြောင်း သိရှိရပါသည်။
ကလေးမြို့နယ်တွင် စားဆီများဖြစ်သည့် ပဲဆီ၊ နေကြာဆီ၊ စားအုန်းဆီ၊ ဈေးနှုန်းများမှာ ပဲဆီတစ်ပိဿလျှင် ( ၉၂၀၀ ) ကျပ်၊ (၁၀)ပိဿာဝင်တစ်ပုံးလျှင် (၉၀၀၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ( ၇၅၀၀ ) ကျပ်၊(၁၀)ပိဿာဝင်တစ်ပုံးလျှင် ( ၇၄၀၀၀ ) ကျပ်၊ နေကြာဆီ တစ်ပိဿာ လျှင် ( ၈၂၀၀ )ကျပ်၊ ( ၁၀ )ပိဿာဝင်တစ်ပုံးလျှင် ( ၈၀၀၀၀ )ကျပ်၊ ပေါက်ဈေးနှုန်းဖြင့် ဈေးကွက် အတွင်း ရောင်းချလျှက်ရှိပြီး၊ ယခုလ( ၈/၂၀၂၂ ) လဆန်းပိုင်းတွင် ပဲဆီတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ (၁၀)ပိဿာပုံးတစ်ပုံးလျှင် ( ၉၅၀၀၀ ) ကျပ်၊ နေကြာ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် မိုးစပါး ၅၈၂၀၈ ဧက စိုက်ပျိုးရန် လျာထား လျက်ရှိရာ ဇူလိုင်လကုန်အထိ ၅၈၀၃၄ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး စိုက်ရန်ကျန် ၁၇၄ ဧကသာကျန်ရှိ ပါသဖြင့် ၉၉.၇ ရာခိုင်နှုန်း စိုက်ပျိုး ပြီးစီးပြီးဖြစ်ပါသည်။

ကလေးမြို့နယ်တွင် ( ၇/ ၂၀၂၂ ) လဆန်းပိုင်းကာလ၌ ဧည့်မထစပါး (၁၆) ပြည် တစ်တင်းလျှင် ( ၈၅၀၀ ) ကျပ်၊ ငစိန်စပါး(၁၆)ပြည် တစ်တင်းလျှင် ( ၈၀၀၀ ) ကျပ်၊ ဧရာမင်းစပါး(၁၆) ပြည် တစ်တင်း လျှင်(၁၀၀၀၀)ကျပ်၊ ဧည့်ဆန်( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၂၇၀၀၀ ) ကျပ်၊ ငစိန်ဆန် (၂၄)ပြည် တစ်အိတ်လျှင် ( ၂၆၅၀၀ ) ကျပ်၊ ဧရာမင်းဆန်( ၂၄ ) ပြည်တစ်အိတ်လျှင်( ၃၇၀၀၀ )ကျပ် ပေါက်ဈေးနှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားလျှက်ရှိပါသည်။ လကုန်ပိုင်းတွင်း ဧည့်မထစပါး တစ်တင်း (၁၆)ပြည်တစ်တင်း ( ၈၅၀၀ ) ကျပ်၊ ငစိန်(၁၆
ကလေးဝမြို့နယ်သည် စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးကို အဓိကဆောင်ရွက်နေသည့်မြို့ဖြစ်ပြီး စိုက်ပျိုးသီးနှံများအဖြစ် စပါး၊ ပဲ၊ ဆီထွက်သီးနှံများကိုသာ အဓိကထား စိုက်ပျိုးလျက်ရှိပါသည်။ ရံဖန်ရံခါများတွင် မြစ်ရေကြီးမြှင့်မှုများကြောင့် သီးနှံများ စိုက်ပျိုးရာတွင် အချိန်ကာလ နောက်ကျမှ စိုက်ပျိုးရခြင်းများလည်း ရှိပါသည်။ ကလေးဝမြို့သည် ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်သည့်အတွက် အခြားမြို့များထက် ကုန်းလမ်း၊ ရေလမ်း လမ်းနှစ်သွယ်ရှိသည့်အတွက် အချက်အခြာကျသော မြို့တစ်မြို့ ဖြစ်ပါသည်။