ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင် သီး)မှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကုလားအော်သီးမှာ ယခင်အပတ် က တစ်ပိဿာလျှင် ၁၉၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ် ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။ ယခုအခါတွင် ငရုတ်သီးစိမ်း(ကျောက်စိမ်းသီး)များ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိဖြင့် ဝင်ရောက်လာပါသည်။
ဖြူးမြို့ ခြံဝင်းကျယ်တွင် တစ်ပိုင်တစ်နိုင်သံပုရာသီး စိုက်ပျိုးသူတို့ အပိုဝင်ငွေရလျက်ရှိပါသည်။ သံပုရာပင်သည် နှစ်နှစ်သားခန့်တွင် အသီးစတင်သီးပါသည်။ အသီးအားကောင်းစေရန် အတွက် ၁၅:၁၅ ပတ်လည် အပင်အားဆေးကျွေးပြီး ရေလောင်းပေးရပါသည်။ သက်တမ်းရင့် သံပုရာ ပင်တစ်ပင်သည် တစ်နှစ်လျှင် အသီး အလုံး ၁၀၀၀ ခန့်သီးပါသည်။

တောင်ငူခရိုင် အုတ်တွင်းမြို့တွင် နာနတ်သီးများ ရောင်းအားကောင်းလျှက်ရှိပါသည်။ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ထွက်ရှိသော နာနတ်သီးများကို မှာယူပြီး ၎င်းဒေသများရှိ နာနတ်ဒိုင်များက ကုန်စိမ်းတင်သည့်ကားကြီးများဖြင့်တင်ပေးပါသည်။

ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ ကျောက်ကြီးမြို့နယ်၊ မုန်းနှင့် ကျောက်ကြီးပေါက်ကျေးရွာများမှ ထွက်ရှိသော ဒူးရင်းသီးများမှာ နှစ်စဉ် မေလမှ အောက်တိုဘာလခန့်အထိ ဖြူးမြို့နယ်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။

ဟင်းနုနွယ်ရွက်ပင်သည် အစိမ်းရောင်အပင်အမျိုးအစားဖြစ်ပါသည်။ ဟင်းနုနွယ်ရွက်သည် မြန်မာလိုအခေါ်အဝေါ်ဖြစ်ပြီး အင်္ဂလိပ်လိုမှာ Amaranth ဟုခေါ်ပါသည်။ ဟင်းနုနွယ်ရွက်ကို ဆေးဖက်ဝင်အပင်တစ်ခုအဖြစ် အားလုံးသိကြပါသည်။ ဟင်းနုနွယ်ရွက်ကို စားသုံးပေးခြင်းဖြင့် အမြင်အာရုံကိုကောင်းမွန်စေပါသည်။ ဟင်းနုနွယ်ရွက်သည် ဗီတာမင်ဒီ ပါဝင်သောကြောင့် အရိုးအဆစ်များအတွက်ကောင်းမွန်စေပါသည်။ ထိုအပြင် ဗီတာမင်အေနှင့် သံဓါတ်များစွာ ပါဝင်ပါသည်။ ဟင်းနုနွယ်ပင်သည် အရွက်ကိုသာ စားသုံးရသည့်အတွက် ဟင်းရည်ချက်စားခြင်း၊ သုပ်၍
