Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Jun 2023

     တောင်ငူမြို့၊ ညောင်ပင်လေးဈေးသို့ ဝင်ရောက်လာသော မော်လမြိုင်မြို့မှ ဒညင်းသီးများမှာ ပြုတ်ပြီး ဆီစိမ်၍ စားလျှင်ဖြစ်စေ၊ ချက်စားလျှင်ဖြစ်စေ အလွန်စေးသောဒညင်းသီးဖြစ်ပါသည်။ သံတောင်ဒညင်းသီးမှာ အဝင်နည်းနေပါသေးသည်။

28 Jun 2023

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် တင်ပြလျက်ရှိပါသည်။

28 Jun 2023

   စီပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ပေးရေး လုပ်ငန်းတွင်သာမက ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုပါ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့တို့၏ ရာသီသီးနှံများအကြောင်းကို လည်း လစဉ် အပတ်စဉ် တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်တွင် ရာသီစာဖြစ်သော မှိုစေ့(ခေါ်)အင်ဥများ ဈေးကောင်းရရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

28 Jun 2023

    ပြည်ခရိုင်၊ ပြည်မြို့ရှိ ပွဲရုံများတွင် မိုးပဲတီစိမ်းများ အဝင်ရှိနေပြီဖြစ်ရာ ၂၀၂၃ခုနှစ်၊ ဇွန်လတွင် ဝက်ထီးကန်၊ ကံမ၊ ရွှေတောင်၊ ကျီးသဲဘက်တို့မှ တစ်ရက်လျှင် အိတ် (၃၀၀/၄၀၀) ခန့်အဝင်ရှိနေပါသည်။  ပဲတီစိမ်းထွက်ရှိရာ ဝက်ထီးကန်မြို့နယ်ဘက်မှ ပြည်မြို့သို့ ပဲတီစိမ်းအသစ်များဝင်ရောက်မှုရှိနေပြီး အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများမှာ တစ်တင်းလျှင် (၆၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်နှစ်တွင် မိုးပဲတီစိမ်းပေါ်စဈေးမှာ (၄၈၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။ ယခင

28 Jun 2023

    စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ရိုးကိုင်းမြေနုများပေါ်တွင် ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာတို့မှ တောင်သူများသည် ဥယျာဉ်ခြံလုပ်ငန်းနှင့် ရာသီပေါ်သီးနှံ စိုက်ပျိုးလျက်ရှိရာ ခဝဲစိုက်ပျိုးခြင်းမှ ပေါ်ဦးပေါ်ဖျားခဝဲသီးများမှာ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

Pages