ကုန်သွယ်မှုသတင်းများ
၂၀၂၃ခုနှစ်၊ ဇွန်လ တတိယပတ်တွင် မင်းဘူးမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်ဖြစ်သည့် ကြက်သွန်နီ ဈေးနှုန်းများမှာ (၁)ပိဿာလျှင် ကျပ်(၂၅၄၀)ဖြစ်ပြီး ရေနံချောင်း မြို့နယ်၊ ပင်းချောင်းတစ်လျှောက်ရှိ ကျေးရွာများနှင့် ပွင့်ဖြူ(မဲဇလီ)၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များမှ ထွက်ရှိသော ကြက်သွန်နီများကို ဝယ်ယူရောင်းချကြောင်းနှင့် စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူ (ကြူကုတ်) (၁)ပိဿာလျှင် ကျပ်(၇၅၀၀)၊ ကြက်သွန်ဖြူ (ဗမာ) (၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၂၆၀၀)၊ ငရုတ် ခြောက်
တောင်ငူမြို့ ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များတွင် ပန်းသီးမှာ အကြီးနှင့် အသေးနှစ်မျိုး ရှိရာ နှစ်မျိုးလုံးတွင် အလုံးအကြီးအသေးပေါ်မူတည်၍ ပန်းသီးအကြီးမှာ တစ်လုံးလျှင် ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ၊ ပန်းသီးအသေးမှာ တစ်လုံးလျှင် ၈၀၀ ကျပ်မှ ၁၂၀၀ အထိ၊ ပန်းသစ်တော်သီးမှာ တစ်လုံးလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါ သည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်အပတ်က 92 RON တစ်လီတာလျှင် ၂၀၀၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၀၉၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၉၃၅ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၀၁၀ ကျပ်ရှိခဲ့ပါသည်။
ယခုအပတ်တွင် တောင်ငူမြို့၌ 92 RON တစ်လီတာလျှင် ၂၀၅၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၆၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၀၃၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၁၂၀ ကျပ်ရှိကြောင်း ဖြိုးဝေကျော်စက်သုံးဆီ အရောင်းဆိုင်မှ ဈေးနှုန်းရရှိပါသည်။
ဖြူးမြို့ ၊ ဆေးရုံရပ်ကွက်ရှိ ဒေါ်သင်းသင်းကြူပဲပွကြော်လုပ်ငန်းသည် ဖြူးမြို့တွင် အောင်မြင်သော လုပ်ငန်းဖြစ်ပါသည်။ ၁၉၇၃ ခုနှစ်၊ မိဘများလက်ထက်ကတည်းက စတင်လုပ်ဆောင်ခဲ့ရာ နှစ် ၅၀ ခန့်ရှိနေပြီဖြစ်ပါသည်။ ဆန်ကွဲကိုအခြေခံ၍ ပြုလုပ်ရသော စားသောက်ကုန်ဖြစ်ပါသည်။

တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၆၅၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၈၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပါသည်။