ကုန်သွယ်မှုသတင်းများ
Powered by Drupal
21 Jul 2025
တောင်ငူမြို့ ဈေးများသို့ ရှမ်းပြည်နယ်၊ တောင်ကြီးဒေသမှ အာလူးများ အများဆုံးဝင်ရောက် ရောင်းချလျက်ရှိရာ ယခင်လက အာလူးအသေး တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၀၀၀ကျပ်နှင့်အကြီးတစ်ပိဿာလျှင် ၂၅၀၀ကျပ် ဖြစ်ပြီး၊ ယခုအခါ အာလူးအသေး တစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၃၅၀၀ ကျပ် နှင့် အကြီးတစ်ပိဿာလျှင် ၄၀၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိပါသည်။
အာလူးတွင် ကယ်လိုရီ၊ အမျှင်ဓါတ်၊ ကာဗွန်ဟိုက်ဒရိတ် ၊ပရိုတင်းဓါတ်များ ပါဝင်သဖြင့် ကျန်းမာရေး အတွက် အထူးကောင်းမွန်သည့်အပြင် သွေးပေါင်ကိုလည်း ထိန်းညှိပေးပါသည်။

21 Jul 2025
တောင်ငူမြို့ ဈေးများသို့ မြို့၏ အနီးတဝိုက် ရွာများမှ ရာသီအလိုက် ဒေသထွက် သီးနှံများ လာရောက်ရောင်းချလျက်ရှိရာ ယခုအခါ ရခိုင်ငှက်ပျောသီးများ အရောင်းအဝယ်ဖြစ်နေသည်။
ဈေးနှုန်းအနေဖြင့် ရခိုင်ငှက်ပျောသီး (အသေး) ၁ ဖီး ၁၅၀၀ကျပ် ၊ (၁၀)ဖီး ယူလျှင် ၁၃၀၀ကျပ်ဖြစ်ပြီး၊ အလတ် (၁)ဖီး ၂၀၀၀ ကျပ် ၊ (၁၀)ဖီး ယူလျှင် ၁၈၀၀ ကျပ်၊ အကြီး (၁)ဖီး ၃၀၀၀ ကျပ်၊ (၁၀)ဖီး ယူလျှင် ၂၈၀၀ ကျပ်ထိဖြစ်ပြီး အများဈေးယူလျှင်လည်း ဈေးနှုန်းအနည်းငယ်သာ အပြောင်းအလဲ ရှိသည်။

21 Jul 2025
ဖြူးမြို့မဈေးအတွင်းရှိ ယခုလိုမိုးတွင်း အခါတွင် ဆူးပုတ်ရွက်များကို ဈေးထဲတွင် ပေါများစွာ တွေ့ရတက်ပါသည်။ ဆူးပုတ်ရွက်ကို နေရာ အနှံ့တွင် စိုက်ပျိုးကြပါသည်။ ဆူးပုတ်ပင်တွင် ဆူးပုတ်ကြီးနှင့်ဆူးပုတ်ကလေး ဟူ၍(၂)မျိုးရှိပါသည်။ ဆူးပုတ်ကြီးမျိုး၏ အရွက်သည် အရွယ်အစား ကြီးသလို အနံ့လည်း ပိုပြင်းပြီး ဆူးပုတ် ကလေးမျိုးသည် အရွက်အရွယ်အစားလည်း သေး၍ အနံ့လည်း မပြင်းပေ။ ဆူးပုတ်ရွက် တစ်စီးလျှင် ၅၀၀ ကျပ် မှ ၃ စီး ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

21 Jul 2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို စာရင်းကောက်ယူ၍ အပတ်စဉ် တင်ပြလျက်ရှိရာ ဇူလိုင်လ (၇)ရက်နေ့၊ နံနက် (၀၉:၄၅) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် စာရင်းကောက်ယူခဲ့ကြ ကြောင်း သိရှိရသည်။

21 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၁၁၀)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။

