Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Jul 2025
တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ရာသီပေါ်ဖြစ်သောရှောက်သီးများ အရောင်းသွက်လျက် ရှိကြောင်း သိရှိရပါသည်။ ‌ယခုမိုးရာသီဖြစ်သောအချိန်တွင် ရှောက်သီး စတင်ထွက်ရှိသောကာ လဖြစ်သည့်အပြင် ထွက်ရှိနှုန်းနည်းသောကြောင့် စျေးနှုန်းများကောင်းလျက်ရှိကြောင်းသိရှိရပါသည်။ ဒေသထွက်တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို အခြားဒေသများမှလည်းတင်သွင်းရောင်းချလျက်ရှိပါသည်။
22 Jul 2025
မိုးရာသီတွင် ပေါများစွာထွက်ရှိသော မျှစ်များကို မြိတ်မြို့ပေါ်ရှိစျေးများတွင် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အပြင် စားဖိုဆောင်သီးနှံများလည်း ပေါများသောဒေသဖြစ်ပါသည်။ မျှစ်ကိုမိုးရာသီ၌သာ ရရှိသောကြောင့် ကျန် ကာလများတွင် အလွယ်တကူရရှိနိုင်ရန် အချဥ်ဖောက်၍စားသုံးကြသလို ကြော်ချက်၊အပြုတ်၊ အတို့အမြုပ်အဖြစ်လည်း စားသုံးကြသည်။ ချဉ်သောအရသာရှိ၍အနံ့ ပျင်းသောကြောင့် မျှစ်ချဥ်ကို ဟင်းခပ်အမွှေးအကြိုင်များများဖြင့် ချက်စားလျှင် ကောင်းမွန်သော ဟင်းတစ်ခွက်ရရှိမည်
22 Jul 2025
ကော့သောင်းမြို့နယ် မြို့မစျေးတွင် ရောင်းချနေသော ငါးလိပ်ခြောက်(သို့မဟုတ်)စမတ်ခြောက်များမှာ ဒေသထွက် ပင်လယ်ရွာများမှ မှာယူရောင်းချကြကြောင်း သိရှိရပါသည်။ ငါးလိပ်ခြောက်(သို့မဟုတ်) စမတ်ခြောက်များအား အမျိုးမျိုးစားသုံးကြပြီး အရောင်းအဝယ်သွက်လျက်ရှိကြပါသည်။ ကော့သောင်းမြို့၏ ၂၀၂၅ ခုနှစ် ဇူလိုင်လ ပထမဆုံးပတ်အတွင်း မြို့မစျေးကြီးတွင် ရောင်းချနေသော ငါးလိပ်ခြောက်(သို့မဟုတ်) စမတ် ခြောက်စျေးနှုန်းများမှာ တစ်ပိဿာလျှင် ၄၅၀၀၀-၅၀၀၀၀ ကျပ်ဖြင့် စျေးများတွင်‌ရောင်းချနေကြပြီး ယခင်ဇွန်လနှင့် နှိုင်းယှဉ်ပါက စျေးနှုန်းအ
22 Jul 2025
ကော့သောင်းမြို့နယ်သည် ဥယျာဉ်ခြံစိုက်ပျိူးကြသည့် ကျေးရွာများတွင် ဟင်းသီးဟင်းရွက် နှင့် ရာသီ စာ သီးနှံများရောင်းချရာ ထွက်ရှိလာသည့် သီးနှံများတွင် ကော့သောင်းမြို့အတွင်းရှိ စျေးများသို့ လာရောက် တင်ပို့ရောင်းချလျက်ရှိပါသည်။ ၁၂လ ရာသီစာ သီးနှံဖြစ်သည့် ကန်စွန်းရွက် သည် လူကြိုက်အများဆုံး ဟင်း သီးဟင်းရွက် တစ်မျိုးဖြစ်ပြီး အကြော်၊ အချဉ်ဟင်း၊ အတို့အအပြုတ် စသည်တို့ အမျိုးမျိုးစားသုံးလေ့ရှိကြပါ သည်။ ကော့သောင်းမြို့ပေါ်ရှိ စျေးများ၊ မြို့မစျေးကြီးများတွင် ကန်စွန်းရွက် ရောင်းချမှု ၂၀၂၅ ခုနှစ်၊ ဇူလိုင် လ ပ
21 Jul 2025
အင်ဒိုနီးရှားနိုင်ငံအစိုးရသည် နိုင်ငံ၏ စွမ်းအင်လုံခြုံရေးကို အားကောင်းစေရန်အတွက် တစ်နေ့လျှင် ရေနံစည်ပေါင်း ၁ သန်းအား ၂၀၂၉ သို့မဟုတ် ၂၀၃၀ ခုနှစ်တွင် ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း စွမ်းအင်နှင့် သတ္တုရင်းမြစ်ဆိုင်ရာ ဒုဝန်ကြီး Yuliot Tanjung က ဇူလိုင်လ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ရည်မှန်းချက်အောင်မြင်ရန် အစိုးရမှ စည်ပေါင်း ၅၈၀၀၀၀ မှ ၆၀၀၀၀၀ ကြားရှိသည့် ပြည်တွင်း ရေနံထုတ်လုပ်မှုကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။ အစိုးရမှ၎င်းတို့၏ ထုတ်လုပ်မှုကို မြှင့်တင

Pages