ကုန်သွယ်မှုသတင်းများ
Powered by Drupal
22 Jul 2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ အဓိကထားစိုက်ပျိုးလျက်ရှိပြီး ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေးဈေးကွက်သို့ ဆီထွက်သီးနှံမြေပဲများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ၊ ယောနယ်ဒေသများနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှထွက်ရှိသော မြေပဲအသစ်များ ဝင်ရောက်ကြောင်း၊ ဈေးကွက်သို့ဝင်ရောက်လာသည့် မြေပဲဆံနှင့်မြေပဲအတောင့် များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်သွက်နေကြ

22 Jul 2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ယခင်က လက်ရက်ကန်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပါသည်။ ယခုအချိန်တွင် စက်ရက်ကန်များပါ သုံးစွဲမှုများပြားလာ၍ လက်ရက်ကန်း ရက်လုပ်မှုများ လျော့နည်းသွားကြောင်းလည်း တွေ့ရှိရသည်။ ရက်လုပ်ခဲ့သော အထည်များမှာ ကျားဝတ်လုံချည် အမျိုးမျိုး၊ မဝတ်လုံချည်အမျိုးမျိူး၊ လက်သုတ်ပဝါ၊ မျက်နှာသုတ် ပဝါ၊ ဝါဒစောင်၊ ချင်းပုလဲစောင်နှင့် ခေါက်ချိုး စောင်များကို အဓိက ရက်လုပ်ခဲ့ကြောင်း သိရှိရသည်။ ယခုအခါတွင် လက်ရက်ကန်များအပြင် စက်ရက်ကန်းများကိုပါ အသုံးပြုလာကြပြီး အ

22 Jul 2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးရာမှ ဥယျာဉ် ခြံမြေများနှင့် နေအိမ်များအတွင်းရှိ မြေကွက်လပ်များတွင် နဂါးမောက်သီးကို တပိုင်တနိုင် စိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ဆိပ်ဖြူ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရှိရသည်။ နဂါးမောက်သီးနှံသည် ကျန်းမာရေးနှင့် ညီညွှတ်သော သီးနှံဖြစ်သည့်အတွက် စားသုံးသူများမှ ကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံး ကြ၍ ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိသည်။ နဂါးမောက်ပင်သည် ရ

22 Jul 2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို အဓိက သီးနှံအဖြစ် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီကုန်စည်ဒိုင်နှင့် ပွဲရုံဈေးကွက်တွင် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ကြက်သွန်နီဈေးကျဆင်း ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးကွက်သို့ စိုက်ပျိုးမှုများသော ဂွေးပင်၊ ထန်းပင်ချောင်း၊ လက်ဆည်၊ အုန်းမှင်ကျေးရွာများမှ အများဆုံးဝင်ရောက်ပြီး တစ်ရက်လျှင် ကြက်သွန်နီပျမ်းမျှ ကုန်ချိန်ပိဿာ(၃)သောင်းခန့် ဝင်ရောက်ကြောင်း ကုန်စည်ဒ

22 Jul 2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီ တိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှ တိုက်ရိုက် တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံးကို မကွေးမှ ဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

