ကုန်သွယ်မှုသတင်းများ
ပြည်မြို့ရှိပွဲရုံများ တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲကြီးနှင့် စားတော်ပဲ (ကျွန်း)သီးနှံဈေးမှာ ကောင်းမွန်နေပြီး အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ပြည်ပတ်ဝန်းကျင်ရှိ ကံမ၊ ပန်းတောင်း၊ မင်းတုန်းမြို့များမှ ပဲများကို ပြည်ပွဲရုံများသို့ လာရောက်ရောင်းချကြပါသည်။

ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်၊ စားတော်ပဲသီးနှံများမှာ အရောင်းအဝယ်သွက်လျက်ရှိပါသည်။

ပြည်ဒေသမှထွက်ရှိသော ကတွတ်သီးများ ဈေးကွက်တွင် စတင်ထွက်ရှိလာပြီဖြစ်ပါသည်။ ကတွတ် သီးကို ပြည်မြို့ရှိမှော်ဇာကျေးရွာ၊ သဇင်လှရွာတို့မှထွက်ရှိကြောင်း သိရပါသည်။ ပေါ်စ ဖြစ်သောကြောင့် အထွက်နည်းကာဈေးကောင်းရသဖြင့်ရောင်းချကြောင်း သိရပါသည်။ ယခင်နှစ်က ကတွတ်သီး အလုံး (၁၀၀)ကို (၁၅၀၀-၂၀၀၀)ကျပ်ဖြင့်စတင်ရောင်း

ပြည်မျိုးစုံဈေးကွက်တွင် ပြည်ပသို့ပါတင်ပို့နိုင်သော ပဲကြီးသီးနှံသည် နှစ်စဉ်ဈေး ကောင်းရနေပြီး ယခုနှစ်တွင် ပို၍ပင်ဈေးကောင်းရသော သီးနှံတစ်မျိုးဖြစ်ပါသည်။ နှစ်စဉ်လိုလို ပဲဈေးကွက်မှာ ဈေးအမြင့်ဖြင့်ရောင်းဝယ်ခဲ့သော ပဲကြီးများ၏ဈေးနှုန်းများ၏ ကာလတူဖြစ် ပေါ်ခဲ့သော ဈေးများကိုလေ့လာကြည့်ရာတွင် အောက်ပါ အတိုင်းတွေ့ရှိရပါသည် -<

ပြည်ဈေးကွက်တွင်မိုးရာသီဝါတွင်းကာလတွင် ထွက်ရှိသော ဝါးယောင်းမှိုများ ဇူလိုင်လပထမ ပတ်မှစတင် ဝင်ရောက်မှုရှိပြီး ပြည်မြို့အနီးတဝိုက်ဒေသများဖြစ်သော မှော်ဇာ၊ သဇင်လှ၊ ပျဉ်းပင်ကိုင်း စသည့်ရွာများနှင့် ပြည်မြို့အနောက်ဘက်ကမ်းဖြစ်သော ရွှေဘုံသာ၊ ညောင်ပင်သာ၊ မန်ကျည်းစု၊ ဆင်တဲ ဒေသတို့မှ

