ကုန်သွယ်မှုသတင်းများ
Powered by Drupal
21 Jul 2025
မအူပင်မြို့တွင် ငါးခုံးမချဉ်၊ ငါးဖယ်ချဉ် ငါးချဉ်ကိုယ်တိုင်လုပ်ရောင်းချသူများရှိပြီး ရောင်းချနေကြောင်း သိရသည်။ ငါးချဉ်မှာ ငါးခုံးမချဉ်၊ ငါးဖယ်ချဉ်၊ ပုစွန်ချဉ် များကို ဒေသထွက် ငါး၊ ပုစွန် များဖြင့်သာ ပြုလုပ်ကြောင်း သိရသည်။ မြစ်ချောင်း၊ အင်းအိုင်များမှ ရရှိပြီး ဒေသတွင်း ထုတ်လုပ်သူ ငါးဖယ်ချဉ်၊ ပုစွန်ချဉ် တံဆိပ် အမျိုးမျိူးဖြင့် ဒေသတွင်းနှင့် အခြားမြို့နယ်နှင့် ရန်ကုန်သို့လည်း တင်ပို့ရောင်းချကြသည်။ ယခု မိုးတွင်း မေ၊ ဇွန်၊ ဇူလိုင်လ များတွင် ငါးခုံးမ အရနည်းသဖြင့် ငါးခုံးမအစား အခြားငါးများဖြင့် ရေ
21 Jul 2025
ယခု ၂၀၂၅ခုနှစ် ဇူလိုင်လတွင် သဘာဝသီးပင် သပြုသီး များ မအူပင်မြို့နယ်တွင် လှိုင်လှိုင် ထွက်ပေါ်နေပြီးဖြစ်သည်။ သပြုသီး ပင်သည် သဘာဝနှစ်ရှည်ပင်ဖြစ်ပြီး မိုးရာသီတွင် အသီးများ ပိုမိုထွက်ရှိသည်။

21 Jul 2025
ညောင်တုန်းမြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်း အမျိုးမျိုးရောင်းချသူများရှိပြီး အိမ်ဆောက်ပစ္စည်းများကို ရန်ကုန် လက်ကားဒိုင်ကြီးများမှ မှာယူ၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။ ဒေသတွင်း ဈေးနှုန်းဈေး ကွက်အခြေအနေများကို ကွင်းဆင်းဈေးကွက်ကောက်ယူလျက်ရှိပြီး ဇူလိုင်လ အိမ်ဆောက်ပစ္စည်းအမျိုးမျိုးနှင့် ဘိလပ်မြေ ဈေးနှုန်း အခြေအနေများ အနည်းငယ်မြှင့်တက်လျက်ရှိကြောင်း သိရသည်။

21 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသားအမျိုးမျိုး ဖြစ်သော ဝက်သား၊ ကြက်သား နှင့် အမဲသား တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။

21 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဟင်းသီးဟင်းရွက် အမျိုးမျိုးဖြစ်သော ရုံးပတီသီး၊ မုံလာထုတ်(ခေါ်)ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ပဲသီးတောင့်ရှည်၊ ကြက်ဟင်းခါးသီး၊ ကင်းမုံသီး ၊ မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ရွှေဖရုံသီး၊ ဘူးသီး၊ ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက် နှင့် ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီး တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။

