Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Jul 2025
တောင်ငူမြို့ ညောင်ပင်ဈေးတွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ယခင်လက ၂၅၀၀ ကျပ် ရှိရာမှ ယခုအပတ် တွင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချရာ စျေးနှုန်း ၁၀၀၀ ကျပ် ကျသွားပါသည်။
21 Jul 2025
တောင်ငူမြို့တွင် ဇွန်လနောက်ဆုံးပတ်က စက်သုံးဆီဈေးနှုန်းမှာ ရိုးရိုးDiesel တစ်လီတာ လျှင် ၂၅၄၅ ကျပ်၊ Premium Diesel တစ်လီတာလျှင် ၃၁၅၀ ကျပ်၊ Octane 92 တစ်လီတာလျှင် ၃၀၀၅ ကျပ်နှင့် Octane 95 တစ်လီတာလျှင် ၃၀၈၀ ကျပ် ရှိခဲ့ပါသည်။ ယခု ဇူလိုင်လ ပထမအပတ်တွင် စက်သုံးဆီဈေးနှုန်းမှာ ရိုးရိုး Diesel တစ်လီတာလျှင် ၂၇၇၅ ကျပ်၊ Premium Diesel တစ်လီတာလျှင် ၃၄၃၅ ကျပ်၊ Octane 92 တစ်လီတာလျှင် ၃၁၈၅ ကျပ်နှင့် Octane 95 တစ်လီတာလျှင် ၃၂၆၀ ကျပ် ရှိခဲ့ပါသည်။
21 Jul 2025
တောင်ငူမြို့ အနီးတဝိုက်ရှိ နေထိုင်ရာပြည်သူများသည် မိမိတို့အိမ်ခြံဝန်းများ၌ ဟင်းသီး ဟင်းရွက် နှင့် အရိပ်ရသော သီးနှံပင်များ စိုက်ပျိုးကြသည်။ အရိပ်ရသောအပင်များအနက် မန်ကျည်း ပင်သည် အရိပ်လည်း ရသလို သဘာဝအလျောက် အသီးသီးလာခြင်းဖြစ်၍ ဘေးအန္တရာယ် ကင်းရှင်း၍ ဆေးဖက် လည်း ဝင်သည့် အပင်ကြီးတစ်မျိုး ဖြစ်ပါသည်။
21 Jul 2025
ကျွန်းလှမြို့ ရာသီအရွေး ရောင်းချရန် လက်လုပ်ချဉ်မျိုးစုံကို ကိုယ်တိုင်လုပ်ပြီး ရောင်းချလျက်ရှိရာ ဇွန်လ ‌နောက်ဆုံးပတ်အတွင်း ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော သရက်သီး ကုလား တည်ချဉ် ဈေးနှုန်းမှာ သရက်သီးကုလားတည်ချဉ် လက္ကား တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာကို(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၇၅၀၀)ကျပ်၊(၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ သရက်သီး ကုလားတည်ချဉ် (၁၀) ကျပ်သားလျှင် (၁၅၀၀)ကျပ် နှင့် နှမ်းပတ်ချဉ် လဖက်ရည်သော က်ပန်းကန် တစ်လုံးလျှင်(၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသ
21 Jul 2025
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ဒေသထွက်ဗမာကြက်ဟင်းခါးသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း မအူပင်မြို့နယ်ရှိ ကုန်စိမ်းရောင်းချသူထံမှ သိရသည်။

Pages