Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Jul 2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီးရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့ နေအိမ်ခြံဝင်းနှင့် လယ်ယာမြေများတွင် သီးပင်စားပင်များအပြင် မုန်လာဉပင်များလည်း စိုက်ပျိုးထား ကြပါသည်။ စိုက်ပျိုးထွက်ရှိသော မုန်လာဉပင်များကို ကားများ၊ သုံးဘီးယာဉ်များ၊ဆိုင်ကယ်များဖြင့် တင်ပို့ရောင်းချကြပြီး (၅)လုံးတစ်စည်းလျှင် (၁၅၀၀)ကျပ်မှ(၂၀၀၀)ကျပ် အထိရှိပြီး ဒေသထွက် မုန်လာဉများက ကျန်မြို့များမှကုန်သွယ်တင်ပို့သော မုန်လာဉများထက် အနည်းငယ်ဈေးသင့်ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)
21 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ မြေထောက်ပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် မြေထောက်ပဲများ ကိုမန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ မြေထောက်ပဲမှာ အဖြူရောင်နှင့် အညိုရောင်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင
21 Jul 2025
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်အတွင်းရှိ စည်ပင်သာယာဈေးကြီးတွင် ကြက်သွန်နီ ကုန်စည်များနေ့စဉ် စီးဝင်စီးထွက်ရောင်းဝယ်လျက်ရှိရာ ကြက်သွန်နီဈေးနှုန်းမှာ ယခုပတ်သောကြာနေ့တွင် တစ်ပိဿာလျှင်(၂၀၀၀)ကျပ်ရှိကြောင်း သိရသည်။ ထားဝယ်မြို့အတွင်းသို့ ကုန်စည်ဝင်ရောက်မှု များပြားလာခြင်းကြောင့် ကြက်သွန်နီဈေးနှုန်းမှာ ယခင်အပတ်ကထက် တစ်ပိဿာလျှင်(၁၀၀၀)ကျပ် ကျဆင်းလာကြောင်း ကုန်စုံဆိုင်ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။ DOCA(တနင်္သာရီ)
21 Jul 2025
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသော ရှေ့လာမည့် မိုးရာသီကာလ တွင် ဖြစ်ပေါ်လာနိုင်မည့် အကျပ်အတည်းများကို လျော့ပါးစေရေးအတွက် ကြိုတင်ပြင်ဆင်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ဆန်မက်ထရစ် တန်ချိန် ၄၀၀,၀၀၀ တင်သွင်းရန် အစိုးရက ဆုံးဖြတ် ခဲ့ပါသည်။
21 Jul 2025
မလေးရှားစားအုန်းဆီကြီးကြပ်မှုအဖွဲ့၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် ဇူလိုင် ၁၇ ရက်နေ့ ၌ ဖော်ပြထားသည့် လှည့်လည်စာအရ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွက် စားအုန်းဆီကြမ်း ရည်ညွှန်း ဈေးနှုန်းသတ်မှတ်ချက်ကို တိုးမြှင့်ခဲ့ရာ ထိုသို့ပြောင်းလဲမှုက ပို့ကုန်အခွန်ကို ၉ ရာခိုင်နှုန်းသို့ မြင့် တက်လာစေမည်ဖြစ်သည်ဟု The Edge Malaysia သတင်းဌာနက ဖော်ပြပါသည်။

Pages