ကုန်သွယ်မှုသတင်းများ
Powered by Drupal
21 Jul 2025
ပဲစောင်းလျားသီးကို မြန်မာ့ထမင်းဝိုင်းတွင် ဟင်းချိုထဲထည့်ချက်ခြင်း(သို့မဟုတ်) အတို့အမြုပ်အဖြစ် စားသုံးလေ့ရှိကြပါသည်။ ပဲစောင်းလျားသီး နုနုလေးများကို ရေနွေးဖျော၊ ပါးပါးလှီးပြီးနောက် ပုစွန်ခြောက်လေးနှင့် သုပ်စားပါကလည်း လက်ဖက်သုပ်လိုမျိုး ရေနွေးကြမ်းနှင့်လိုက်ဖက်သော မြန်မာ့သရေစာ လက်သုပ်တစ်မျိုးဖြစ်ပါသည်။ ပဲစောင်းလျားသီးသည် စျေးတွင် အမြဲရှိသော်လည်း အမြဲမဝယ်စားဖြစ်သော အသီးထဲတွင် ပါဝင်ပြီး ပဲစောင်းလျားသီးကို ထားဝယ်မြို့နယ် စည်ပင်သာယာစျေးတွင် တစ်စည်းလျှင်(၅၀၀ိ/-)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိပါသည်

21 Jul 2025
၂၀၂၅ ခုနှစ် ဇွန်လ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၆၅၀၀)ကျပ်၊ ဧရာမင်းဆန် တစ်ပြည်လျှင် (၅၆၀၀)ကျပ်၊ ရွှေဝါထွန်း တစ်ပြည် (၄၂၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၇၅၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၇၇၅၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၆၅၀၀ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် ၁၄၅၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။
21 Jul 2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကင်ပွန်းချဉ်ပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကင်ပွန်းချဉ်ရွက်သည် အူရှင်းစေသောအစားအစာဖြစ်ပြီး ကင်ပွန်းသီးကိုလည်း ခေါင်းလျှော်ရည်ထဲတွင် ထည့်သွင်းအသုံး ပြုကြပါသည်။

21 Jul 2025
ကျောက်ဖရုံသီးသည် အာဟာရဓါတ်ပြည့်ဝပြီး ဗီတာမင်Bနှင့်Cအပြင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သံဓါတ်နှင့် အမျှင်ဓါတ်တို့လို ခန္ဓာကိုယ်တွေကြွယ်ဝပါတယ်။ ကျောက်ဖရုံသီး သည် အစာအိမ်အနာသက်သာစေခြင်း၊ အူတွင်းပိုးမွားများရှင်းစေခြင်း၊ ကိုယ်အလေးချိန်လျော့ ချရာတွင် အထောက်အကူပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာပြဿနာများကို သက်သာပြေလျောစေခြင်းစသည့်ရောဂါများကို ကုသနိုင်စွမ်းရှိကြောင်းသိရပါသည်။

21 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိရာ သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံစိုက်ပျိုးမှု စာရင်းများ အရမြေပဲ(၆၆၁၄၂)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ဒေသထွက်မြေပဲလုံးဆံအသစ်များမှာ ၂၀၂၄ခုနှစ် စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ရာ ယခုအချိန်တွင် ဒေသထွက်မြေပဲလုံးဆံများ အဝင်နည်းသွားသဖြင့် မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇွန်လ၊ စတုတ္ထအပတ်တွင်ရော

