ကုန်သွယ်မှုသတင်းများ
Powered by Drupal
21 Jul 2025
မလေးရှားစားအုန်းဆီကြီးကြပ်မှုအဖွဲ့၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် ဇူလိုင် ၁၇ ရက်နေ့ ၌ ဖော်ပြထားသည့် လှည့်လည်စာအရ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွက် စားအုန်းဆီကြမ်း ရည်ညွှန်း ဈေးနှုန်းသတ်မှတ်ချက်ကို တိုးမြှင့်ခဲ့ရာ ထိုသို့ပြောင်းလဲမှုက ပို့ကုန်အခွန်ကို ၉ ရာခိုင်နှုန်းသို့ မြင့် တက်လာစေမည်ဖြစ်သည်ဟု The Edge Malaysia သတင်းဌာနက ဖော်ပြပါသည်။

21 Jul 2025
မလေးရှားနိုင်ငံ၌ စားအုန်းဆီထုတ်လုပ်မှုသည် ဇူလိုင်လတွင် ရာသီအလိုက် အားကောင်းမှု စတင်လာဖွယ်ရှိပြီး အမေရိကန်၏ အကောက်ခွန်နှုန်းထား တိုးမြှင့်သတ်မှတ်ခြင်းကြောင့် ရိုက်ခတ် လာသည့် ၀ယ်လိုအားအရ စျေးနှုန်းယာယီမြင့်တက်လာမှုကို လျော့ပါးစေနိုင်သည်ဟု လေ့လာ ဆန်းစစ်သူများက ပြောကြားခဲ့ကြောင်း The Edge Malaysia သတင်းဌာနက ဇူလိုင်လ ၁၁ ရက် နေ့တွင် ဖော်ပြထားသည်။

21 Jul 2025
ပါကစ္စတန်နိုင်ငံ၏ ပဲမျိုးစုံတင်သွင်းမှုသည် ၂၀၂၅ ဘဏ္ဍာနှစ် ပထမ ၁၀ လအတွင်း၌ပင် တန်ချိန် ၁.၃၂ သန်း၊ တန်ဖိုး ဒေါ်လာ ၉၁၈ သန်းသို့ ရောက်ရှိခဲ့ရာ ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် တင်သွင်းခဲ့သော တန်ချိန် ၁.၃၁၅ သန်း (တန်ဖိုးဒေါ်လာ ၉၄၆ သန်း) ကို ကျော်လွန်ခဲ့ကြောင်း၊ ယခုနှစ် မေလအထိ တန်ဖိုး ဒေါ်လာ ၉၇၀ သန်းရှိသော ပဲမျိုးစုံ တန်ချိန် ၁.၄ သန်းကို တင်သွင်းထား သည့်အချက်က ၂၀၂၅ ဘဏ္ဍာနှစ် ကုန်ဆုံးချိန် ဇွန်လကုန်၌ တင်သွင်းမှုစံချိန်အသစ် မှတ်တမ်းတင် မည်ကို ညွှန်ပြလျက်ရှိကြောင်း Pakistan Today သတင်းဌာနက ဖော်ပြပါသည်။

21 Jul 2025
ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ်ဒုတိယသုံးလပတ်တွင် ရာသီဥတုကောင်းမွန်သည့်အခြေအနေများ အရ ပြည်တွင်းစပါး ထွက်ရှိမှုမှာတိုးတက်ခဲ့ပြီး အဓိကစားသုံးကုန်စည်ဖြစ်သော ဆန်တင်သွင်းရမှု ကို လျော့ကျစေခဲ့ကြောင်း သိရှိရပါသည်။

21 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ မတ်ပဲ(၁၀၂၉၆)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် မတ်ပဲခြမ်းများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဇွန်လ၊ စတုတ္ထအပတ်တွင် ရောင်းချသည့် မတ်ပဲခြမ်းဈေးနှုန်းမှာ

