ကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံတွင် အမျိုးသားအများစုမှာ ကွမ်းစားတက်သူများဖြစ်၍ ကွမ်းစားသူများ အများအပြားရှိသဖြင့် ကွမ်းသီး၊ ကွမ်းရွက်များနေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်ခရိုင်၊ ပြည်မြို့တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ကွမ်းသီးများကို ရန်ကုန်မြို့မှတစ်ဆင့် မှာယူတင်သွင်း ရောင်းချနေကြောင်းသိရပါသည်။ ပြည်မြို့တွင်ကွမ်းသီးပင်ကို စီးပွားဖြစ်စိုက်ပျိုးခြင်းမရှိဘဲ အိမ်ခြံဝန်းများအတွင်းတွင် အလှပန်းပင်အနေဖြင့် စိုက်ပျိုးကြပါသည်။

၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၂၄ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ အပတ်စဉ်သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံးပြုလျက်ရှိကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိသည်။

တစ်နှစ်တွင် ပုံမှန် တစ်လ၊ နှစ်လသာ ရှားရှားပါးပါးပေါ်သော ရာသီစာကိုင်းဥကို ယခုလိုအချိန် မြစ်ကမ်းနားဘေးနားရှိ ကိုင်းပင်များတွင် တွေ့ရတတ်ပါသည်။ ကိုင်းဥဟုခေါ်ဆိုသော်လည်း ဥလည်း မဟုတ်သလို မှိုလည်းမဟုတ်၊ အသီးလည်းမဟုတ်ကြောင်း သိရပါသည်။ ကိုင်းပင်၏ပင်စည်မှ အစေးများစုပြီး ဥကဲ့သို့ဖြစ်တည်နေသော အစားအစာတစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ အင်ဥကဲ့သို့ ချောမွေ့မှုမရှိဘဲ ကြမ်းတမ်းတမ်းရှိပြီး အရသာမှာဆိမ့်သောအရသာရှိပါသည်။ ကိုင်းဥကိုဆားနှင့် ငရုတ်ကောင်းဖြူး၍ ကင်စားကြသကဲ့သို့ အချို့မှာလည်း
