ကုန်သွယ်မှုသတင်းများ
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် မုန်တိုင်းဒဏ်ရိုက်ခတ်မှုကြောင့် နေရာအနှံအပြား မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီး/ရေလျှံမှုများဖြစ်ပေါ်ကာ လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်၍ အိမ်တွင်းအခြေခံသုံးစားဖိုဆောင်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များနှင့် အခြားဆက်စပ်ပစ္စည်းများ ပြတ်တောက်လျက်ရှိကြောင်း သိရှိရပါသည်။ ရေကြီး/ရေလျှံမှုကြောင့် စိုက်ပျိုးတောင်သူများလည်း နစ်နာဆုံးရုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ဒေသရိုးရာအစားအစာများဖြစ်သည့် ငှက်ပျောဖက်ဖြင့် ထုပ်ထားသော ငါးပေါင်း၊ မှိုပေါင်း၊ ဝက်သားပေါင်း၊ မုန့်ညှင်းပေါင်းနှင့် ဟင်းရွက်စုံပေါင်းများအပြင် ပဲပုပ်ထမင်းသုပ်၊ ငါးထမင်းနယ်၊ ရှမ်းထမင်းချဉ်နှင့် အာလူးထမင်းနယ် စသည့်အစားအစာများကို တောင်ကြီးမြို့ညဈေးတန်းလမ်းတစ်လျှောက်တွင် ညနေပိုင်းအချိန်မှစ၍ ရောင်းချလျက်ရှိရာ စားသုံးသူများက ကြိုက်နှစ်သက်စွာ ဝယ်ယူစားသောက်ကြသဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းများမှာ ဟင်းပေါင်းတစ်ထုပ
CLV-DTA ပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ ပူးပေါင်းဆောင်ရွက်မှုမပြုလုပ်သည်ဖြစ်စေ ကမ္ဘောဒီးယားသည် ၎င်း၏အချုပ်အခြာအာဏာကာကွယ်ရေးကိုသေချာစေရန်အတွက် ၎င်း၏ အရှေ့မြောက်နယ်စပ်ဒေသများကို ဆက်လက်ဖွံဖြိုးတိုးတက်လာစေရန် ဆောင်ရွက်သွားမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ကပြောကြားသည်။ ဝန်ကြီးချုပ်၏ပြောပြချက်အရ အဆိုပါမူဝါဒတွင် အိမ်နီးချင်းနိုင်ငံများနှင့်နယ်နိမိတ်သတ်မှတ်ပေးရေး၊ နယ်စပ်လမ်းများဖောက်လုပ်ရေးတို့ပါဝင်ကြောင်းသိရသည်။ ထို့ပြင် အစိုးရအနေဖြင့် အရှေ့မြောက်ပြည်နယ်များတွင် ရင်းနှီးမြှု

ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသ၌ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် အာလူးသီးနှံဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လာကြောင်းသိရှိရပါသည်။အာလူးသီးနှံကို အဓိကစိုက်ပျိုးသောဒေသများမှာ ပင်လောင်း၊ နောင်တရား၊ တီကျစ်၊ ပင်းတယ နှင့် ဟဲဟိုးဒေသများဖြစ်ပြီး စက်တင်ဘာလနှင့်အောက်တိုဘာလများတွင်သီးနှံလှိုင်လှိုင်ပေါသည့်ကာလဖြစ်သော်လည်း အထွက်နှုန်းလျော့နည်းလာမှုကြောင့် ဈေးနှုန်းအနေဖြင့် ယခင်ကမျက်နီ S2-၄၅၀၀ကျပ်၊ S1-၄၀၀၀ကျပ်၊ OK-၃၅၀၀ကျပ်၊ ဆွဲသီး-၂၅၀၀ကျပ် နှင့် ဂေါ်လီဆိုဒ်မှာ ၁၀၀၀ကျပ်ဈေးရ

ခဝဲပင်သည် ဗူး၊ ဖရုံစသော အပင်မျိုး၌ ပါဝင်၍ နှစ်စဉ်စိုက်ပျိုး၍ရသော အပင်မျိုးဖြစ်ပါသည်။ နွယ်ပင်ကဲ့သို့လိမ်ယှက်၍ပေါက်တတ်သော အပင်အမျိုးဖြစ်ပါသည်။ ခဝဲသီး၏အရှည်သည် အလျား ၇ လက်မ မှ ၁၅လက်မအထိ ရှည်သည်။ ခဝဲပင်၏အဖျားပိုင်းသည် အနည်းငယ်ထွား၍ အညှာဘက် သို့သေးသိမ်သွားသည်။ လတ်ဆက်နေချိန်၌ ခဝဲသီးသည် အစိမ်းရင့်ရောင်ရှိ၍ သခွားသီးကဲ့သို့ လုံးချောမဟုတ်ဘဲ စောင်းပါရှိသည်။ အရည်ရွှမ်း၍ ပွ၏။ အစေ့မှာ သခွားစေ့ကဲ့သို့ ရှိ၏။ အပွင့်မှာ အဝါရောင်ရှိသည်။ ခဝဲပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် ပေ၄၀၀၀ထက်
