ကုန်သွယ်မှုသတင်းများ
ဗီယက်နမ်နိုင်ငံသည် ၎င်း၏စက်မှုလုပ်ငန်းသုံး စွန့်ပစ်ပစ္စည်းများ၏ ၇၀ ရာခိုင်နှုန်းအထိ ပြန်လည်အသုံးပြုနိုင်ပြီး ရေဆိုး ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းကို ၂၀၃၀ ပြည့်နှစ်တွင် သန့်စင်နိုင်ရန် ရည်မှန်းချက်ထားရှိပြီး ပြည်တွင်း၌ တီထွင်ထားသော နည်းပညာများနှင့် စက်ကိရိယာများ

ပုသိမ်မြို့ရှိ မြို့မဈေး၊ အောင်ဧရာဈေး၊ အောင်သီရိဈေးများတွင် ရောင်းချလျက်ရှိသည့် အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် အလုံးကြီး(၈၀၀၀)ကျပ်၊ အလုံးလတ် (၇၀၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိရာ ဒေသထွက်အာလူးများ ထွက်ပေါ်ချိန်၌လည်း ဈေးနှုန်းကျဆင်းသွားခြင်းမရှိဘဲ ယခင်နှုန်းအတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လမျ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း၌ လူကြိုက်များလာသော ထောပတ် ခရမ်းသီးများ ဈေးကွက်တွင် တွင်ကျယ်စွာ ရောင်းချလျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော ဤသီးနှံကို ဒေသခံလယ်သမားများက စမ်းသပ်စိုက်ပျိုးအောင်မြင် လာကြပြီဖြစ်သည်။

မိတ္ထီလာခရိုင်တွင် ဝါသီးနှံစိုက်ပျိုးမှုအနေဖြင့် ဧပြီလ၊ မေလများ၌ စိုက်ပျိုးရသော မိုးကြိုဝါကို သာစည်မြို့နယ်တွင်သာ စိုက်ပျိုးရာ ဇူလိုင်လတွင် ကောက်သိမ်းလေ့ရှိပါသည်။ ယခုနှစ် မိုးကြိုဝါမှာ မိုးများသည့်အတွက် အပင်ထိခိုက်ခဲ့သဖြင့် အရည်အသွေးနိမ့်ကြောင်း သိရသည်။ ထို့အတွက် ဒေသတွင်း ဝ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများသို့ မုန်လာဥနီများ အဆက်မပြတ် ဝင်ရောက်လျက်ရှိပါသည်။ မုန်လာဥနီများကို အဓိကအားဖြင့် ရှမ်းပြည်နယ် (အောင်ပန်း၊ ပင်းတယ၊ ရွာငံ)၊ မန္တလေးတိုင်းဒေသကြီး(ရေဦး)နှင့် နေပြည်တော်(ပျဉ်းမနား၊ လယ်ဝေး)စသော အေးမြသည့်ဒေသများမှ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

