Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Mar 2023

       မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ကံမမြို့နယ်အတွင်း ဈေးကွက်များတွင် ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များဘေးကင်းလုံခြုံစိတ်ချရမှု ရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ (၁၃.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်ကံမမြို့နယ်တာဝန်ခံသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့်ပြန်ကြားရေးနှင့်ပြည့်သူ ဆက်ဆံရေးဦးစီ

20 Mar 2023

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်၊ ဟုမ္မလင်းမြို့နယ်မှ ဦးသန်းဇော်လင်း(လက်ထောက်ကြီးကြပ်ရေးမှူး)သည် ၂၀၂၃ခုနှစ်၊ မတ်လ(၁၃) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ခိုပဲဝကျေးရွာရှိ ဆီကြိတ်ခွဲရောင်းချသောလုပ်ငန်းရှင် ဉီးလှမျိုးထံသို့ သွားရောက်၍ ဆီကြိတ်ခွဲမှုအခြေအနေများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။  

20 Mar 2023

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးခရိုင်၊ တမူးမြို့နယ်တာဝန်ခံ၊ ဦးစွမ်းရည်သည် ၂၀၂၃ခုနှစ်၊ မတ်လ(၁၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင်  စော်ဘွား-၈ရပ်ကွက်ရှိ ဆီကြိတ်ခွဲရောင်းချသော လုပ်ငန်းရှင် ဒေါ်ခင်မျိုးနွယ်ထံသို့ သွားရောက်၍ ဆီကြိတ်ခွဲမှုအခြေအနေများကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။

20 Mar 2023

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးခရိုင်၊ ဟုမ္မလင်းမြို့နယ်၌ ၂၀၂၃ခုနှစ်၊ မတ်လ (၁၃) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံ၊ ဒေါ်ခင်စန်းဝင်း (လက်ထောက်ကြီးကြပ်ရေးမှူး)က ကတ်သာကျေးရွာသို့ သွားရောက်၍  ပြည်သူ ( ၂၀ ) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

20 Mar 2023

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်၊ တမူးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်၌  တမူးမြို့တာဝန်ခံ၊ ဦးစွမ်းရည်(ဦးစီးမှူး)က ကုန်တင်/ကုန်ချရုံးသို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ ( ၇၀ ) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Pages