Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Mar 2023

         မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်ဦးစီးမှူးနှင့် ဘီးလင်းမြို့နယ် တာဝန်ခံ တို့သည် ၁၄.၃.၂၀၂၃ ရက်နေ့တွင် ဘီးလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဘီးလင်းမြို့ အတွင်းရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိ ရပါသည်။

21 Mar 2023

    (၁၄.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ ဓနုသင်္ခလမ်းရှိ ရွှေလင်းယုန်ဆီစက်လုပ်ငန်းသို့ စက်မှုကြီးကြပ်ဌာနနှင့်အတူ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအား ကွင်းဆင်း ဆောင်ရွက်ခဲ့ကြပါသည်။

21 Mar 2023

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးသည် (၁၄.၃.၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ ကွန်မြူနတီခန်းမ၌ ကျင်းပပြုလုပ်သော အင်္ဂလိပ်စာ 4 Skills သင်တန်းနှင့် ပန်းချီသင်တန်းသား/ သင်တန်းသူများအား စားသောက်ကုန်များ ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။

21 Mar 2023

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၁၇.၃.၂၀၂၃ ရက်နေ့တွင် မိုးညှင်းမြို့၊ အုပ်ကျင်းရပ်ကွက်မှ ဆိုင်ကယ်ဝပ်ရှော့လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

21 Mar 2023

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့၊ မြို့နယ်တာဝန်ခံ ဦးဟာခေါဂေသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၆.၃.၂၀၂၃)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စည်ပင်သာယာစျေးနှင့် မြို့ပေါ်ရပ်ကွက်စျေးများ၌ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။     

Pages