Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Mar 2023

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ မတ်လ (၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုင်းတုံမြို့၊ မိုင်းလပ်အုပ်စု၊ ဝမ်မိုင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ရွာသူ/ရွာသား (၂၀၀)ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

22 Mar 2023

    ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ အမ်းမြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင်(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၇-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် အမ်းမြို့နယ်၊ ဒိုင်ကြီးကျေးရွာရှိ “ဧဒင်” အမှတ်တံဆိပ်ဖြင့် ဆပ်ပြာထုတ်လုပ်သည့်လုပ်ငန်းနေရာသို့သွားရောက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

22 Mar 2023

    ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့တော်ခန်းမ၌ (၉.၃.၂၀၂၃)ရက်နေ့ ၊ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိရေးအတွက် ဒေသအစီအစဉ်ဖြင့်ဆောင်ရွက်မည့် စပါးခွံလောင်စာသုံး ဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေးစက် ( Gasifire Power Plant ) တည်ဆောက်ရေး စီမံကိန်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည် ။ အဆိုပါဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် တိုင်းပြည်သာယာဝ

22 Mar 2023

     စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၃ခုနှစ်၊ မတ်လ (၁၇) ရက်နေ့၊  နံနက် (၁၀း၀၀) အချိန်တွင် မိတ္ထီလာမြို့နယ်၊ ဇောင်ချမ်းကုန်းရပ်ကွက်ရှိ ကုန်စုံဆိုင်များအတွင်း ရောင်းချလျက်ရှိသောကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်မျိုးအောင်ရပ်ကွက်ရှိ ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်‌ရေးဥပ‌ဒေ ၂၀၁၉ ပါ

22 Mar 2023

    မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊  ‌ဇောင်ချမ်းကုန်းတိုးချဲ့(၅)လမ်း၊ မိတ္ထီလာမြို့၌ “Shwe Nadi” အမှတ်တံဆိပ်ဆပ်ပြာလုပ်ငန်းထုတ်လုပ်ရောင်းချနေသောလုပ်ငန်းရှင်သည် ၎င်းတို့၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများ၌ စားသုံးသူကာကွယ်‌ရေးဥပဒေ ၂၀၁၉ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ လိုအပ်ချက်များပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန် (၉-၃-၂၀၂၃) ရက်နေ့တွင်စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့

Pages