Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
10 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဆီကုန်သည်များအသင်းအဖွဲ့ဝင်များနှင့် ကျေးရွာစာရေးများနှင့်အတူ ၂၇-၆-၂၀၂၅ ရက်နေ့က ကျေးရွာနေပြည်သူများ ဆီထုတ်ယူခွင့်စာအုပ်ဖြင့် ဝယ်ယူမှုအား ဆီရောင်းချသူ ကိုယ်စားလှယ်များမှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြသည်။
10 Jul 2025
ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ ( ၂၄ )ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးရုံးခန်း၌ ပြည်နယ်စားသုံး သူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်နယ် စားသုံးသူရေးရာကော်မတီ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
10 Jul 2025
(၂၃-၆-၂၀၂၅)ရက်နေ့မှ (၂၇-၆-၂၀၂၅)ရက်နေ့အထိ စားသုံးသူရေးရာဦးစီးဌာန၊ ကယား ပြည်နယ် ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်း(၂/၂၀၂၅) ဖွင့်လှစ်ခဲ့ရာ ပြည်နယ် ဦးစီးမှူးရုံးရှိ ဝန်ထမ်း(၁၁)ဦး တက်ရောက်ခဲ့ကြပါသည်။

Pages