Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Jul 2025
ဧရာဝတီတိုင်ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၂.၇.၂၀၂၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် အိမ်မဲမြို့နယ် စားအုန်းဆီကိုယ်စားလှယ်များထံသို့ပေးပို့ သောစာအုန်းဆီများကို ရန်ကုန်မြို့ရှိ စားအုန်ဆီကုမ္မဏီ၏ (ယာဉ်အမှတ် 1L-3908) မော်တော်ယာဉ်ဖြင့် စားအုန်းဆီစုစုပေါင်း (၂၅)ပေပါ အိမ်မဲမြို့သို့ ရောက်ရှိလာမှုကို သွာရောက်စစ်ဆေးခဲ့ပါသည်။
21 Jul 2025
စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဒေါ်ဆွမ်လွတ်ဇယ်လမ်း (အကြီးတန်းစာရေး) သည် ၈.၇.၂၀၂၅ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ အ.မ.က(၅)မူလွန်ကျောင်း၊ သီတာရပ်ကွက်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၄၂)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
21 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် ( ၂.၇.၂၀၂၅) ရက်နေ့၊နံနက်(၁၀:၀၀) မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမားရေးနှင့် ကုသရေးဦးစီးဌာန တို့နှင့် ပူးပေါင်း၍ စားသောက်ဆိုင်များအား ကွင်ဆင်းစစ်ဆေးခဲ့ပါသည်။
21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဘောမ်ဇုံး(ရုံးအုပ်) သည် ၇.၇.၂၀၂၅ ရက်နေ့ ၁၁:၀၀ နာရီ အချိန်၌ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင် ရောင်းချသည့် လုပ်ငန်းရှင် (၁)ဦး နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
21 Jul 2025
မအူပင်ခရိုင်အတွင်း မြို့နယ်များတွင် ကုမ္ပဏီများမှ စားအုန်းဆီခွဲတမ်း ရရှိမှုအပေါ် ဇွန်လအတွက် ဆီပေပါများကို မြို့နယ်များမှ သတ်မှတ်နေရာများတွင် စနစ်တကျထုတ်ယူပြီး စားသုံးသူပြည်သူများ လက်ဝယ်အရောက် ရောင်းချဖြန့်ဖြူးပေး လျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Pages