Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့မဈေးအတွင်းရှိ မုန့်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချနေသော မုန့်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။
22 Jul 2025
ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်နှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျိုက်လတ် မြို့ပေါ်ရှိ စားအုန်းဆီ အရောင်းဆိုင် (၂) ဆိုင်တွင် ရောင်းချနေသော စားအုန်းဆီများကို သတ်မှတ်ထား သော ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့ကြ ပါသည်။
22 Jul 2025
ရေကြည်မြို့နယ်၊ ရေကြည်မြို့အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား (၂.၇.၂၀၂၅) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအတွင်းရှိ ရောင်းချလျက်ရှိသောဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့များနှင့် ပူးပေါင်း၍ ဆေးမျိုးစုံအရောင်းဆိုင်များတွင် ပြည်သူများအတွက်ရောင်းချပေးသော ဆေးနှင့် ဆေးပစ္စည်းများ၌ သက်တမ်းလွန်ဆေးဝါးများရှိ/ မရှိ၊ ဆေးဝါးမှတ်ပုံတင်ထားရှိသော ဆေးများရှိ/ မရှိ၊ စံမမှီဆေးဝါးများရောင်းချခြင်းရှိ/ မရှိ၊ ဒေသတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်း
22 Jul 2025
ရေကြည်မြို့နယ်၊ ရေကြည်မြို့ရှိ မုန့်ဟင်းခါး၊ ညှပ်ခေါက်ဆွဲမုန့်ဖိုများသို့ မြို့နယ်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂.၇.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် ဗထူးရပ်ကွက်၊ အောင်ဆန်းလမ်းရှိ ဦးအောင်သန်း မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
22 Jul 2025
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များ အသင်း၏ ရွေးကောက်တင်မြှောက်ဖွဲ့စည်းခြင်း အခမ်းအနားကို ၈.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်း (၁၀း၀၀) နာရီအချိန်တွင် မုဒုံမြို့၊ မြို့မ (၁) ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages