Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Oct 2024
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအား အသိပညာပေးဆောင်ရွက်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တာဝန်ခံ ဒေါ်ဟေမာန်ဦးသည် (၉-၁၀-၂၀၂၄)ရက်နေ့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ သင်တန်းတက်ရောက်နေသော ဆရာ/ ဆရာမများအား Online မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
22 Oct 2024
စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်အနေဖြင့် ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံတို့ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ (၉-၁၀-၂၀၂၄)ရက်နေ့တွင် ကင်မလင်းကျွန်းရပ်ကွက်အတွင်းရှိ ဆန်အရောင်းဆိုင်များအား သွားရောက်၍ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
22 Oct 2024
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်တိုးတက်အောင်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်များပိုမိုအဆင်ပြေချောမွေ့အောင် အသင်းအဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါသည်။

Pages