Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Oct 2024
၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ ၁၁ရက်နေ့၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်ကြသော အထွေထွေအုပ်ချုပ်ရေဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ နေ့သစ်ထူး၊ ဧဒင်၊ သစ်လွင်၊ ကောင်းမြတ်၊ ဇီဇဝါဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။
22 Oct 2024
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ကုန်သွယ်ရေးမြှင့်တင်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ နှင့် DOT အဖွဲ့တို့သည် ၈-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ရန်ကုန်၊ ပုသိမ်ကားလမ်းဘေးရှိ Good Brother's Co.,Ltd UAPPT ဆားမလောက် (စုပေါင်းလယ်ယာဆန်စက်) ၂၉မိုင်သို့သွားရောက်၍ ပြည်ပတင်ပို့မည့်ဆန်နှင့် ဆန်ကွဲသိုလှောင်ထားရှိမှုအခြေအနေများကို အဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
22 Oct 2024
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၌ ညောင်တုန်းဆန်စပါးလုပ်ငန်းရှင်များအသင်းဟောင်းဥက္ကဋ္ဌ၊ အတွင်းအရေးမှုတို့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးတို့ တွေ့ဆုံ၍ (၉-၁၀-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဆွေးနွေးခဲ့ကြသည်။
22 Oct 2024
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၈-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Pages