သတင်းနှင့် လှုပ်ရှားမှုများ
ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ငပလီမြို့ပေါ်ရပ်ကွက်များ၌ ဆေးနှင့်ဆေးဝါးပစ္စည်းများ ရောင်းချသည့် လုပ်ငန်းရှင်များအား ဖိတ်ကြားကာ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးနှင့် ဆေးဝါးပစ္စည်းများ ရောင်းချနိုင်ရေးအတွက် သိပညာပေးဟောပြောခြင်းကို (၃-၃-၂၀၂၂) ရက်နေ့တွင် ငပလီမြို့အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲသို့ ရခိုင်ပြည်နယ် သံတွဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ငပလီမြို့အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၄.၃.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့နယ်အတွင်းရှိ “ဆန်းသစ်” ကားဘော်ဒီဆေးမှုတ်လုပ်ငန်း၏ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁.၃.၂၀၂၂)ရက်နေ့ (၁၃:၀၀)နာရီအချိန်၌ ပွင့်ဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူအသိပညာပေးအစီအစဉ်အရ မိဘပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချစေရေး စီးပွားရေးလုပ်ငန်းရှင် များလိုက်နာဆောင်ရွက်ရမည့် အခန်းကဏ္ဍများကိုသိရှိလိုက်နာဆော

( ၂.၃.၂၀၂၂ ) ရက်နေ့၊ နံနက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးမြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်သော တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲများကျင်းပရာ စားသုံးသူရေးရာ ဦးစီးဌာနမှ စားသုံးသူရေးရာနှင့် ပတ်သက်၍ အကြောင်းအရာများအား အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဗန်းမော်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးနှင့်ဝန်ထမ်းများသည် ၁.၃.၂၀၂၂ ရက်နေ့တွင် စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ပိုမိုသိရှိလေ့လာနိုင်ရန်အတွက် ဗန်းမော်မြို့ရှိ အောင်ပြည့်စုံဆန်စက်၊ သုခစံဆန်စက်၊ အောင်ကောင်းဆက်ဆန်စက်၊ ကျော်မေတ္တာဆန်စက်များသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ဆန်စက်လုပ်ငန်းရှင် ဝန်ထမ်းများ၊ အလုပ်သမားများ တက်ရောက်ခဲ့ပါသည်။
