သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန ၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဆီကုန်သည်ကြီးများနှင့်ပူးပေါင်းအဖွဲ့တို့သည် (၂၂.၂.၂၀၂၂) ရက်နေ့ (၉:၃၀)အချိန်တွင် မိတ္ထီလာမြို့ မြို့မစျေးကြီးအတွင်းရှိ စားသုံးဆီဆိုင်များ၊ ကုန်စုံဆိုင်များတွင် (Vegetable Oil နှင့် Cooking Oil) ဟု တံဆိပ်ကပ်ရောင်းချနေသော စားသုံးဆီများနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်သားဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်

စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်နှင့် ဝန်ထမ်းများသည် (၄.၃.၂၀၂၂) ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ ဟဲလုံကျေးရွာရှိ စပါး၊ ဆန်ကြိတ်ခွဲ ထုတ်လုပ်သော ဆန်စက်လုပ်ငန်းရှင် ဦးအောင်သန်းနှင့်တွေ့ဆုံ၍ စားသုံးသူအခွင့်အရေး အပြည့်အဝရ ရှိစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ပိုမိုသိရှိလေ့လာနိုင်ရန်အတွက် ၇.၃.၂၀၂၂ ရက်နေ့တွင် ဗန်းမော်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦစီးမှူး ဦးအောင်ကျော်ဦးသည် ဗန်းမော်မြို့ရှိ၊ HEAVEN သောက်ရေသန့်စက်ရုံလုပ်သား(၈)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တိုင်း/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုးနှင့် စားသုံးတာဝန်ခံဒေါ်နွယ်နွယ်အေးတို့သည် (၂၅.၂.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်၌ ပခုက္ကူမြို့ပေါ်ရှိ ကုန်အမှတ်တံဆိပ် စိစစ်ခွင့်ပြုချက်ရရှိသော ရေသန့်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ မတ်လ (၃)ရက်နေ့၊ နေ့လည် (၁၃း၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ သာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်သည့် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဝါးရောင်းချသောလုပ်ငန်းရှင်များအား သတ်မှတ်အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စေရေး ပြည်နယ်ဆေးဝါးနှင့် ဆေးပစ္စည်းဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့နှင့် ဆေးဆိုင်လုပ်ငန်းရှင်များ ဈေးကွက်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းအထောက်အကူပစ္စည်းများအား ဖြန့်ဖြူးရောင်းချသောလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ အဆိုပါဆွေးနွေးပွဲတွင်
