သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၅-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်၊ ချမ်းသာကြီးချမ်းသာရတိုက်တန်းရှိ ဆန်ရောင်းဝယ်ရေးဆိုင်(၂)ဆိုင်သို့သွားရောက်ကာ လုပ်ငန်းရှင်များအားတွေ့ဆုံခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ဓနုဖြူမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်နေပြည်သူများအားဖိတ်ကြား၍ ပြည်သူ(၁၅၀)ဦးအား ၃-၉-၂၀၂၄ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ကော့မှူး-ဒလ၊ ကော့မှူး-လှိုင်သာယာ ကားလမ်းမကြီးဘေးဝဲယာကျေးရွာများတွင် စက်သုံးဆီဖြန့်ဖြူးရောင်းချလျှက်ရှိသော စက်သုံးဆီအရောင်းဆိုင်များသို့ စက်တင်ဘာလ(၃)ရက်နေ့၊ နေ့လယ်(၁၁း၀၀)နာရီအချိန်တွင် စက်သုံးဆီများဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ စက်တင်ဘာလ(၃)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကွမ်းခြံကုန်းမြို့နယ်၊ (အ.ထ.က) တော်ကူးကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
(၃-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုး (၇၇)ဦးကို အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဥ်း၍ အသိပညာပေးဆွေးနွေးခြင်းပြုလုပ်ခဲ့ကြသည်။