Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
04 Dec 2023

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဉီးစီးဌာန၊ ကလေးခရိုင် ဦးစီးမှူးရုံးလက်အောက်ရှိ ဖောင်းပြင်မြို့နယ်မှ တာဝန်ခံ ဦးကျော်သန်းစိန် (ဒု-ဦးစီးမှူး)သည် နိုဝင်ဘာလ ( ၂၂ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်၌   ကျွန်းရွှေဝါရပ်ကွက်ရှိ အမှတ်- ၈၇ ကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ ( ၅၀ ) ဦး၊ ကျောင်းသား/သူ ( ၈၀ ) ဦး၊ စုစုပေါင်း ( ၁၃၀ ) ဦးတက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

04 Dec 2023

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ (၂၄-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးကိုယ်စား ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်ဦးဆောင်၍ ပြည်နယ်ရုံးမှဝန်ထမ်းများနှင့် လစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ)ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

04 Dec 2023

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တာဝန်ခံ ဦးနိုင်ဦး(ဒု-ကြီးကြပ်ရေးမှူး)သည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် (၂၁-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးအတွင်း စားသုံးဆီရောင်းချနေသော ကုန်စုံဆိုင်များ၌ တရားမဝင်တင်းသွင်းလာသည့် "ပုဇွန်

04 Dec 2023

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၂၄-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၁:၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောပွဲဆွေးနွေးခြင်း (၁၁/ ၂၀၂၃) Thursday Talk ကျင်းပပြုလုပ်ခဲ့ပါသည်။

04 Dec 2023

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံ ဦးဆန်းလင်းမောင်(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် တာဝန်ရှိဌာနဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ (၂၂-၁၁-၂၀၂၃) ရက်နေ့၊  နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စလင်းမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သော စည်တော်၊ ပစ်တိုင်းထောင်၊ ပြည့်ရာဇာ၊ လရောင်စစ် စသည့်စက်သုံးဆီအရောင်းဆိုင်(၄)ဆိုင်အား သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

Pages