သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းအတွင်းရှိ စျေးများ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှု လျော့ချရေး Campaign အား ဆောင်ရွက်လျှက်ရှိရာ (၁၈.၁၂.၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်တွင် မကွေးမြို့၊ ကန်သာစျေး၌ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီးဆောင်ရွက်ခဲ့ပါသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရောင်းချနေသော ကွမ်းသီး၊ ကွမ်းသီးခြမ်းနှင့် ကွမ်းသီးစိပ်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ချွတ်ဆေးသုံးစွဲမှုအခြေအနေများအား မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းပြီး နမူနာကွမ်းသီးခြမ်း၊ ကွမ်းသီးစိပ်များအား Mobile Lab ဖြင့်စစ်ဆေးခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးလက်အောက်ရှိ ကန့်ဘလူခရိုင်မြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူအသိ ပညာပေးလုပ်ငန်းများကို အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်များ၊ ကျေးရွာများ၊ ဈေးများနှင့်စက်ရုံအလုပ်ရုံတို့တွင် ဟောပြောဆောင်ရွက်လျက်ရှိပါ သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအား လစဉ် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ကန့်ဘလူခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်မ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
