သတင်းနှင့် လှုပ်ရှားမှုများ
၁၅.၁.၂၀၂၁ ရက်နေ့တွင် ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာန CICC ရုံးခန်း၌ ပေါက်ကုန်းရပ်ကွက်မှ စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။ ၎င်းဟောပြောပွဲတွင် ဒု-ဦးစီးမှူး ဒေါ်နှောင်းနှောင်းဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ၊ ကုန်အညွှန်းအမှတ်အသ
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများအား အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးကဏ္ဍမှ ထွက်ရှိသည့် သီးနှံများ၊ ထုတ်ကုန်အများအပြားကို ပြည်တွင်းစားသုံးမှုအပြင် ပိုလျှံမှုများကို ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိပါသည်။ ထိုသို့ တင်ပို့ရာတွင် အများဆုံးမှာ ကုန်ကြမ်းများအတိုင်း တင်ပို့ခြင်းဖြစ်သော်လည်း ပြုပြင်ပြီး တင်ပို့သည်များလည်း ရှိသည်ကို တွေ့ရှိရပါသည်။ မြန်မာ့ထွက်ကုန်များ ပြည်ပဈေးကွက် ခိုင်မာစွာရ
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ယခင်က ပြောင်းစိုက်ဧရိယာ လျော့နည်းခဲ့သဖြင့် ယခုနှစ်တွင် ပြောင်းစိုက်ပျိုးသည့် အဓိကနယ်မြေများ၌ စိုက်ဧရိယာတိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။
ပုဂ္ဂလိကကဏ္ဍသည် နိုင်ငံတော်၏စီးပွားရေးတွင် များစွာအရေးပါလျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍမှ ပါဝင်မှုသည် ၉၀ ရာခိုင်နှုန်းခန့်ရှိပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦီးစီးဌာနအနေဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် တိုင်းဒေသကြီး/ပြည်နယ်များတွင် အသင်းအဖွဲ့များ၊ အစုအဖွဲ့များ၊ သီးနှံစိုက်ပျိုး ထုတ်လုပ်သည့် ဇုန်များ တိုးချဲ့ဖွဲ့စည်း တည်ထောင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဗဟို အသင်းအဖွဲ့ချုပ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေသကဲ့သ
၁၂-၁-၂၀၂၁ ရက်နေ့တွင် ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြစ်ကြီးနားမြို့နယ် ၊ နောင်နန်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်လုပ်ငန်းပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်များရှင်းလင်းဆွေးနွေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော Covid-19 လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ခဲ့ပါသည်။