Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
10 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၆.၆.၂၀၂၂ နေ့(၁၂း၁၅) အချိန်တွင်လ မအူပင်မြို့ အ.ထ.က-၁ ကျောင်း မုန့်ဈေးတန်းအား ကွင်းဆင်းဈေးကွက်စောင့်ကြည့်စစ်းဆေးခဲ့ကြပါသည်။
10 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ဆီကျော်မုန့် အမျိုးမျိုး ထုတ်လုပ်ရောင်းချသူ လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၆-၆-၂၀၂၅ ရက်နေ့ နေလည် (၁၃၀၀)နာရီက ဆန်းသစ် ဆီကျော်မုန့် မုန့်မျိုးစုံလုပ်ငန်းလုပ်ကိုင်သော လုပ်ငန်းရှင်များအား မအူပင်ခရိုင် ဦးစီးမှူးရုံးတွင် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
10 Jul 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၇-၆-၂၀၂၅)ရက်နေ့ တွင် မအူပင်မြို့နယ်၊ မင်းလမ်းမကြီးပေါ်ရှိ “ကျား” ပဲမုန့်နှင့် မုန့်မျိုးစုံ ထုတ်လုပ်သော စားသောက်ကုန်လုပ်ငန်းသို့ ထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့
10 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဆီကုန်သည်များအသင်းအဖွဲ့ဝင်များနှင့် ကျေးရွာစာရေးများနှင့်အတူ ၂၇-၆-၂၀၂၅ ရက်နေ့က ကျေးရွာနေပြည်သူများ ဆီထုတ်ယူခွင့်စာအုပ်ဖြင့် ဝယ်ယူမှုအား ဆီရောင်းချသူ ကိုယ်စားလှယ်များမှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေးအတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြသည်။
10 Jul 2025
ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ ( ၂၄ )ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးရုံးခန်း၌ ပြည်နယ်စားသုံး သူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်နယ် စားသုံးသူရေးရာကော်မတီ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

Pages