သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ ၅ ရက်နေ့၊ နံနက်(၁၀း၃၀) အချိန်မှ (၁၁း၃၀) အချိန်ထိ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင် ဦးဆောင်၍ ဗဟိုစာရင်းအင်းအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်သီတာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဟိန်းထက်အောင် ၊ စစစ မှ စုံစမ်းရေးမှူး ဦးအောင်ချိုမြင့် နှင့် မြို့နယ် စည်/ပင်မှ ဒုဦးစီးမှူး ဦးရဲကျော်စွာတို့ပါဝင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့သည် ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ ဆေးရုံလမ်းရှိ ဆောင်းဆေးဆိုင် အပါအဝင် ဆေးဆိုင

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ခရမ်းမြို့နယ်အတွင်းရှိ ပဲခူး-ရန်ကုန်ကားလမ်းမကြီး ဘေးဝဲယာတွင် စက်သုံးဆီဖြန့်ဖြူးရောင်းချပေးလျှက်ရှိသော Apex(ရတနာ) စက်သုံးဆီဆိုင်သို့စက်တင်ဘာလ(၃)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စက်သုံးဆီဖြန့်ဖြူးရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံသည် (၄-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ချောက်မြို့ပေါ်ရှိ စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ပဲကြော်လုပ်ငန်းနှင့် အာလူးကြော်လုပ်ငန်းများသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်နှင့်ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် ဌာန၏မျှော်မှန်းချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ်လျာထားချက်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်နှင့် ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့် အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များရောင်းချမှုရှိ/မရှိတို့အား မိတ်ဖက်ဌာနများနှ
