Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
10 Sep 2024

       ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးထွန်းမင်းလတ်သည် ၂-၉-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ အ.ထ.က သော်ကခန်းမ၌ ကျောင်းအုပ်ဆရာ/ဆရာမကြီး (၂၃၅) ဦးအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအချက်များကို အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

10 Sep 2024

        စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၅-၉-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့ပေါ် ရပ်ကွက်ရှိဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

10 Sep 2024

        စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ် ဒု-ဦးစီးမှူး ဒေါ်စိမ်းမြသီတာသည် (၂-၉-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စက်ကြီးအရှေ့ မြို့ပါတ်လမ်း၊ ညောင်ပင်ဈေးရပ်ကွက်ရှိ “ငွေပန်းချီ” မရွေးလုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

10 Sep 2024

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးသည် (၅-၉-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ်၊ မြို့မဈေးအတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

10 Sep 2024

        စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ခရိုင်ရုံးဝန်ထမ်းများသည် (၄-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် မအူပင်မြို့ပေါ်ရှိ အွန်လိုင်းရောင်းချသူလုပ်ငန်းရှင်(၁၈)ဦးအားဖိတ်ကြား၍ အွန်းလိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးဟောပြောခြင်းပြုလုပ်ခဲ့သည်။

Pages