သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ၂၆.၈.၂၀၂၅ ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီ၌ ပဲခူးတိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်း အဝေးအား ကျင်းပခဲ့ရာ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားကာ အစည်းအဝေးအား စတင်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဆန်စက်ပိုင်ရှင်များနှင့် ခရိုင်ဦးစီးမှူးတို့သည် ၂၇.၈.၂၀၂၅ ရက်နေ့၌ တိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ၂၇.၈.၂၀၂၅ ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားကာ အစည်းအဝေးအား စတင်ခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူရေး ရာဦးစီးဌာန (ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အခါအားလျော်စွာ ကျင်းပသော သင်တန်း များအား တက်ရောက်လျက်ရှိရာ ၂၅.၈.၂၀၂၅ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဖွင့်လှစ်သော သင်တန်းအား တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသ ကြီးဦးစီးမှူးရုံးတွင် ၂၅.၈.၂၀၂၅ ရက်နေ့၌ စားသုံးသူကာကွယ်ရေး သင်တန်းအမှတ်စဉ် (၂/ ၂၀၂၅) အား တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

