သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ အစားအစာ ရွေးချယ်သုံးစွဲတတ်စေရေးအတွက်ရည်ရွယ်၍ (၁၉-၉-၂၀၂၄)ရက်နေ့၊ နံနက်(ဝ၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ သံဇလုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းသည် (၂၀-၉-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် မကွေးမြို့၊ ဆည်မြောင်းစျေး၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်းပြီး စျေးကွက်အတွင်းရှိ စားသောက်ကုန်များအား နမူနာဝယ်ယူ၍ Mobile Lab Van စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မင်္ဂလာဈေး၌ (၁၆-၉-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဈေးကော်မတီများပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign နှင့် အလှကုန်ပစ္စည်းရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၀-၉-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် အခြေခံပညာမူလတန်းကျောင်း(နံကပ်ကျွန်း) နှင့် နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် အခြေခံပညာမူလတန်းလွန်ကျောင်း (မြို့ဟောင်း) တို့တွင် စားသုံးသူကာကွယ်ရေးအသိပညာများရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ (၁၉-၉-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြို့နယ်ယူရီးယားမြေဩဇာဝယ်ဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဓာတ်မြေဩဇာ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချ သည့်ဆိုင်များအား ဒေသအလိုက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
