Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
02 Oct 2024

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ်တာဝန်ခံ ဒု-ခရိုင်ဦးစီးမှူး ဦးလှထွဋ်ဦးနှင့်ဝန်ထမ်းများသည် (၂၄.၉.၂၀၂၄) ရက်နေ့ ၊ညနေ (၁၅:၀၀)နာရီအချိန်တွင် ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးညီညီအောင်နှင့်အတူ ရန်ကုန်မြို့ရှိစားအုန်းဆီ ကုမ္ပဏီများမှ  (၂၁.၉.၂၀၂၄)ရက်နေ့နှင့် (၂၃.၉.၂၀၂၄)ရက်နေ့ထုတ် (၇၆)ပေပါ (သို့) ပိဿာ ၈၃၆၀သည် တော်ဝင်ဧကရာဇ်ကုမ္ပဏီကား(ယာဉ်အမှတ်  8G-2020)မော်တော်ယာဉ်ဖြင့် မြောင်းမြမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရ

02 Oct 2024

    ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၂၄.၉.၂၀၂၄)ရက်နေ့ ၊နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

01 Oct 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် ၂၄-၉-၂၀၂၄ ရက်နေ့တွင် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့်ဆန်ဆိုင်ကြီးများအား  ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရှိရသည်။

01 Oct 2024

      စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည်  ၂၃-၉-၂၀၂၄ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မုဒုံမြို့၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အာဟာရဖြည့်စွက်စာများနှင့် အာဟာရဓာတ်စာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

01 Oct 2024

      စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်တာဝန်ခံသည်   ၂၄-၉-၂၀၂၄ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

Pages