သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး (ဦးစီးအရာရှိ)နှင့် (အငယ်တန်းစာရေး) ဦးခိုင်လွမ်းမိုးတို့သည် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့တိူ့နှင့် ပူးပေါင်းပါဝင်လျက် ၂၃-၉-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်မှစ၍ ဓနုဖြူမြို့နယ် လက်လီဆန် အရောင်းဆိုင်တို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သဇင်ဦး ဒု-ဦးစီးမှူး သည် နေပြည်တော်ရုံးချုပ်မှ (၁၆.၉.၂၀၂၄ ရက်နေ့မှ ၂၀.၉.၂၀၂၄) ရက်နေ့ထိ ဦးဆောင်ကျင်းပသော စစ်ဆေးရေးအရာရှိများ လုပ်ငန်းစွမ်း ဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ (မွမ်းမံ) အမှတ်စဉ် (၁/၂၀၂၄) ဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့သူ က မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအား ဆင့်ပွားရှင်းလင်း ဆွေးနွေးမှုကို ၂၄၊ ၉၊ ၂၀၂၄ ရက်နေ့ နေ့လယ်( ၁၃:၀၀)နာရီက ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၂၄.၉.၂၀၂၄) ရက်နေ့၊ ညနေ (၅:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိစားအုန်းဆီကုမ္ပဏီများမှ စားသုံးဆီများအား တော်ဝင်ဧကရာဇ်ကုမ္ပဏီကား (ယာဉ်အမှတ် 8I-8606)မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၃၇)ပေပါ (သို့) ပိဿာ ၄၀၇၀ ပေပါ သည်ဝါးခယ်မမြို့သို့ရောက်ရှိ လာခဲ့ကြောင်းသိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၂၄.၉.၂၀၂၄) ရက်နေ့ ၊ညနေ (၄:၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိစားအုန်းဆီကုမ္ပဏီများမှ (၂၁.၉.၂၀၂၄)ရက်နေ့နှင့် (၂၃.၉.၂၀၂၄)ရက် နေ့ဆီကန်ထုတ်စားသုံးဆီများအား တော်ဝင်ဧကရာဇ်ကုမ္ပဏီကားဖြင့် စားအုန်းဆီ (၇၅)ပေပါ (သို့) ပိဿာ ၈၂၅၀ သည်လပွတ္တာမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်မှဆန်လိုအပ်ချက်ရှိသော တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သို့ဆန်များတင်ပို့နိုင်ရန်အတွက် (၂၄.၉.၂၀၂၄)ရက်နေ့၊ ညနေ(၃:၃၀) နာရီအချိန်တွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးမှဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီး ဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်တွင်း အခွန်များဦးစီးဌာန၊ မြို့နယ်ပုဂ္ဂလိကရေယာဉ် များစနစ်တကျပြေးဆွဲကြီးကြပ်ရေးကော်မတီ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ပါဝင်သ