သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
07 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၌ ဈေးနှင့် ဈေးတန်းကြီး ၄ခုတွင် ဈေးများအတွင်းရှိ တရားမဝင် အေးခဲကြက်သား၊ ကြက်ကလီစာများ ရောင်းချခြင်း ရှိ/မရှိ ကို ကွင်းဆင်း စစ်ဆေးခြင်းကို (၂၃-၆-၂၀၂၅) ၈ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

07 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေးအသိပညာပေးTalk Showကို (၂၃.၆.၂၀၂၅) နေ့ မွန်းလွဲ ၂နာရီ က ကျင်းပ ပြုလုပ်ခဲ့သည်။
07 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒုခရိုင်ဦးစီးမှူးနှင့် ကုန်ဈေးနှုန်း တည်ငြိမ် ကျဆင်းရေးအဖွဲ့ဝင်များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့ တို့မှ တာဝန်ရှိသူများနှင့်အတူ (၂၄-၆-၂၀၂၅) ရက်နေ့ နံနက်ပိုင်းက စက်သုံးဆီကုမ္ပဏီများမှ မအူပင်မြို့နယ်အတွင်း သတ်မှတ် ရည်ညွှန်းဈေးဖြင့် ဈေးနှုန်းဖော်ပြ၍ ရောင်းချခြင်း ရှိ/မရှိ၊ တရားမဝင်ကုန်စည်များ သယ်ဆောင်ခြင်း မရှိစေရေးနှင့် စက်သုံးဆီမပြတ်လတ်စေရန် လက်ကျန်အခြေအနေတို့အားစက်

07 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်မိတ်ဘက်ဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍ (၂၃.၆.၂၀၂၅)ရက်နေ့၊ နံနက်(၈:၃၀)အချိန်တွင် အင်္ဂပူမြို့မစည် ပင်သာယာဈေး အတွင်းရှိ စတိုးဆိုင် နှင့် ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော Signal သွားတိုက်ဆေးများအား ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

07 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍(၂၃.၆.၂၀၂၅)ရက်နေ့၊နံနက်(၀၈:၃၀)အချိန်တွင် ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ ဘုရား ကြီးလမ်းနှင့် သိပ္ပံလမ်းရှိ စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

