သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
22 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ဇူလိုင်လ (၁၀) ရက်နေ့၊ နေ့လယ်(၁၂:၃၀) နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

22 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်း နှင့် ဝန်ထမ်းများသည်(၇.၇.၂၀၂၅) ရက်နေ့၊ညနေ(၁၆:၀၀) အချိန်တွင် မြို့နယ် တာဝန်ခံရုံး၌ စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါ သည်။

22 Jul 2025
အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်များသို့ သတ်မှတ်ထားသော ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဇူလိုင်လ(၁၀)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ စည်ပင်သာယာဈေးတွင် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

22 Jul 2025
ညောင်တုန်း မြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် ရောင်းချနေသည့် ကျောက်မုန့်ဈေးတန်း အစားအသောက်ဘေး အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစီမံချက်ကာလကို ရေးဆွဲ၍ ကျောင်းဖွင့်ရာသီများတွင် လစဉ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း တို့ပူးပေါင်း၍ ညောင်တုန်းမြို့နယ် အ.ထ.က.-၂ ကျောင်းမုန့်ဈေး တန်းကို ၇-၇-၂၀၂၅ နေ့လယ် ( ၁၂:၁၅) နာရီက စစ်ဆေးခဲ့ကြသည်။

22 Jul 2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဇူလိုင်လ (၈)ရက်နေ့၊ ညနေ(၁၆:၀၀)နာရီအချိန်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှကျေး လက်လမ်းဖွံ့ဖြိုးရေး ဥပဒေအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

