သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
22 Jul 2025
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကံလှကျေးရွာရှိ Good Brothers Company အစည်း အဝေးခန်းမ၌ (၈.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ၂၀၂၄-၂၀၂၅ခုနှစ်၊ GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော နှမ်းသီးနှံအား Export တိုက်ရိုက်ရောင်းချတင်ပို့ခြင်း အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန၊ မကွေးကုန်စည်ဒိုင်မှ ဥက္ကဋ္ဌ၊ မကွေးတိုင်း တိုင်းတောင်သူအကျိုးဆောင်များ၊ Good Brothers ကုမ္ပဏီမှတာဝန်ရှိသူများနှင့် တောင

22 Jul 2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲကို (၇.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် အခြေခံပညာမူလတန်းလွန်(ပတ္တမြား)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

22 Jul 2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ လုပ်ငန်းသုံးဆီများလုံလောက်မှုရှိ/မရှိနှင့် အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ (၈.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးဆောင်၍ ပဲကြော်၊ အာလူးကြော်၊ မရွေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

22 Jul 2025
၈.၇.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၂)ဉီးတို့သည် အင်းစိန်မြို့နယ်ရှိ ကော့စမိုပရီမီယံ ကလိုသင်း အမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

22 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၇.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ကင်းဈေး၌ရောင်းချလျက်ရှိသော ကုန်စည်များအား၊ နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

