သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်း
မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအပါအဝင် ဗဟိုစာရင်းအင်းဦးစီးဌာန၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးရှိ စားသုံးဆီများကို ကုန်အညွှန်းအမှတ်အသားပါရှိစေရေးနှင့် ရောနှောဆီများတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖြင့် ဖော်ပြထားခြင်းရှိ/မရှိ ကွင်ဆင်းစစ်ဆေးခဲ့ကြပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်လျက်ရှိသည့်အတွက် ဆန်လိုအပ်မှုအတွက် အခြားပြည်နယ်များမှ ဝယ်ယူလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့နှင့်(၂၇)ရက်နေ့တို့တွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ ဆန်အိတ်များသယ်ယူလာခဲ့ပြီး မြိတ်မြို့သို့ (၁.၈. ၂၀၂၄)ရက်နေ့တွင် ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့၊ နံနက်(၀၇း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ သာကေတရပ်ရှိ စာကြည့်တိုက်ရှေ့တွင် ပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များအား ရောင်းချခဲ့ကြပါသည်။ အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ကြက်ဥ၊ ကြက်သွန်၊ ချဉ်ပေါင်၊ အာလူး၊ ငါးများပါဝင်ပြီး စျေးနှုန်းသက်သာစ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) အစီအစဉ်ဖြင့် "စွမ်းအင်ခြိုးခြံချွေတာခြင်းနှင့် စွမ်းအင်စီမံခန့်ခွဲမှုစနစ်ဆိုင်ရာဆွေးနွေးပွဲ" ကို (၃၀-၇-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
