သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ဆေးဆိုင်များနှင့် စားသုံးဆီဆိုင် များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဒေါ်မြတ်မြတ်မိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ (၂၆.၁၂.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ကုန်သည်များ၊ ဆန်လုပ်ငန်းရှင်များနှင့် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၇.၁၂.၂၀၂၄)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် မြို့နယ်ဆန် ကုန်သည်ကြီးများအသင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင် အုတ်ဖိုမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဇန်နဝါရီလပထမပတ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ အုတ် ဖိုမြို့နယ် အတွင်းဆေးဝါးများရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် သာယာဝတီမြို့၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် ၂.၁.၂၀၂၅ ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံဦးချစ်ကိုကိုနှင့်ဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံး သူများ တိကျမှန်ကန်ရှင်းလင်းသောသတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊စိတ်ကျေနပ်မှုရှိစေရန်အ

ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် ၇၇ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တောင်ငူ မြို့ အမှတ် ၂၁ ရပ်ကွက်ရှိ ရန်ကုန်-မန္တလေးလမ်းမကြီးရှိ မိုင်ဒါကွင်း၌ တောင်ငူမြို့ရှိ တက္ကသိုလ်များ နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာပြခန်းခန်း၊ ဒေသထွက်ကုန်အရောင်းပြခန်းများ၊ ဈေးဆိုင်များ၊ ကလေး အားကစားကွင်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိပါသည်။
